သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kurds ထောက်ပံ့ရေး EU အရေးပေါ် စည်းဝေး


အီရတ်အရေး EU အရေးပေါ်အစည်းအဝေး။ (သြဂုတ် ၁၅၊ ၂၀၁၄)
အီရတ်အရေး EU အရေးပေါ်အစည်းအဝေး။ (သြဂုတ် ၁၅၊ ၂၀၁၄)

အီရတ် နိုင်ငံမှာ အစွန်းရောက် အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ဖို့ အတွက် ကဒ်လူမျိုးစုတွေကို လက်နက်တပ်ဆင်ပေးမယ့် ကိစ္စ ဆွေးနွေးပြီး ညီညီညွတ်ညွတ် တစုတစည်းတည်း တုန့်ပြန်ဖို့ အတွက် ဥရောပသမဂ္ဂနိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဒီကနေ့မှာ အရေးပေါ် စည်းဝေးခဲ့ကြပါတယ်။

အီရတ် ဝန်ကြီးချုပ် Nouri al-Maliki က သူ့အနေနဲ့ ရာထူးက ဆင်းပေးမယ့် အကြောင်းနဲ့ သူ့နေရာမှာ အစားထိုးဖို့ ရွေးချယ်ထားတဲ့သူကို ထောက်ခံသွားမယ် လို့ ကြေညာပြီး တစ်ရက်အကြာမှာ အခုလို ဘယ်ဂျီယမ်နိုင်ငံ ဘရာဇီးလ်မှာ စည်းဝေးခဲ့ကြတာပါ။

အီရတ်နိုင်ငံမြောက်ပိုင်းဒေသ တော်တော်များများကို သိမ်းထားတဲ့ အစ္စလာမ်နိုင်ငံ ထူထောင်မယ်လို့ ဆိုထားတဲ့ စစ်သွေးကြွတွေကို တိုက်နေတဲ့ အီရတ်တွေကို နိုင်ငံခြားက စစ်ရေး အကူအညီတွေ ထပ်ပေးဖို့ ဒီအစည်းအဝေးဟာ တွန်းအားပေးမှု တွေ ဖြစ်လာမှာပါ။ ဒီလို ဒုက္ခရောက်နေတဲ့ အခြေအနေကို ဘယ်လို တုန့်ပြန်မလဲ ဆိုတဲ့ အပေါ် ဥရောပသမဂ္ဂ ထဲမှာ ကွဲပြားမှုတွေ ဖြစ်ပေါ်နေတာပါ။
ဗြိတိန် နဲ့ ပြင်သစ် အပါအဝင် နိုင်ငံတချို့က အမေရိကန် ဦးဆောင်တဲ့ နောက်ကို လိုက်ပြီး လူအင်အားနည်းနေတဲ့ Kurds တပ်ဖွဲ့ဝင်တွေကို ကူညီ လက်နက်တပ်ဆင်ပေးနေပါတယ်။

ဂျာမနီလို နိုင်ငံတွေကတော့ လူသားချင်း စာနာမှု အကူအညီတွေ ပို့ပေးဖို့သာ အားသန်ပြီး အခုလို ပဋိပက္ခမှာ ပါဝင်ပတ်သက်ဖို့ လက်တွန့်နေပါတယ်။

XS
SM
MD
LG