သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH နဲ႔ NUG ကို ေထာက္ခံေၾကာင္း ဥေရာပပါလီမန္ ဆံုးျဖတ္


European Union flag lies at the centre of Schuman Square outside European Commission headquarters in Brussels, Belgium, May 8, 2021.

{Zawgyi/Unicode}

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႔ ၾကားကာလအမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) တို႔ကိုသာလွ်င္ ျမန္မာလူထုရဲ႕ ဒီမိုကေရစီနည္းက် သေဘာထားဆႏၵကိုကိုယ္စားျပဳတဲ့ တရားဝင္ အဖြဲ႔အစည္းေတြအျဖစ္ ေထာက္ခံတဲ့အေၾကာင္း ဥေရာပပါလီမန္က ဆုံးျဖတ္လိုက္ပါတယ္။

အေရွ ႔ေတာင္အာရွႏုိ္င္ငံမ်ားအဖြဲ႔ (ASEAN) အပါအဝင္ ႏုိင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ျမန္မာႏုိင္ငံ အက်ပ္အတည္းကို ဥပေဒေၾကာင္းအရ ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ေရး ေဆြးေႏြးပြဲေတြလုပ္တဲ့အခါမွာလည္း CRPH နဲ႔ NUG ကိုဖိတ္ေခၚဖို႔ ဥေရာပပါလီမန္ရဲ ႔ ေအာက္တိုဘာလ ၆ ရက္ေန႔ ဆုံးျဖတ္ခ်က္မွာ တုိက္တြန္းထားပါတယ္။

ဒါ့အျပင္ အခုဆုံးျဖတ္ခ်က္ထဲမွာေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈကို ျပင္းထန္စြာ ျပစ္တင္ရႈတ္ ခ်ထားသလို သမၼတဦးဝင္းျမင့္နဲ႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔၊ ၂၀၂၀ ျပည့္ႏွစ္ ႏုိဝင္ဘာလေရြးေကာက္ပြဲရလဒ္ကို ေလးစားဖို႔၊ အရပ္သားအစိုးရကို ခ်က္ခ်င္း အာဏာျပန္အပ္ဖို႔၊ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ အၾကမ္းမဖက္ဖို႔၊ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင္႔ကိုေလးစားဖို႔၊ ေရြးေကာက္ခံ လႊတ္ေတာ္ကို္ယ္စားလွယ္အားလုံးကို တာဝန္ျပန္အပ္ဖ္ို႔လည္း တုိက္တြန္းထားပါတယ္။

ျမန္မာႏုိင္ငံထဲမွာ လက္ရွိဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏုိင္ငံေရးေခါင္းေဆာင္ေတြနဲ႔ အျခားလူေတြရဲ ႔လူ႔အခြင့္အေရးအေျခအေနေတြ၊ က်န္းမာေရးအေနအထားေတြကိုလည္း ျမန္မာႏုိင္ငံဆုိင္ရာ ဥေရာပကိုယ္စားလွယ္ေတြနဲ႔ သံရုံးေတြက အနီးကပ္ေစာင့္ၾကည့္ဖို႔ တုိက္တြန္းထားပါတယ္။

အဖြဲ႔ဝင္ႏုိင္ငံေတြအေနနဲ ႔ျမန္မာစစ္တပ္ကို စစ္လက္နက္ပစၥည္းေတြ ေရာင္းခ်တာမ်ိဳး မလုပ္ဖို႔လည္း ဆုံးျဖတ္ခ်က္မွာ တုိက္တြန္းထားတာပါ။ ဥေရာပပါလီမန္ရဲ႔ဆံုးျဖတ္ခ်က္ဟာ အဖြဲ႔ဝင္ႏုိင္ငံံေတြ မျဖစ္မေန လိုက္နာလုပ္ေဆာင္ရမယ့္ ဆံုးျဖတ္ခ်က္မ်ဳိးေတာ့ မဟုတ္ပါဘူး။
တိုက္႐ိုက္ ေရြးေကာက္တင္ေျမွာက္တဲ့ အမတ္အေရအတြက္ ၇၀၅ ေယာက္ပါတဲ့ ဥေရာပပါလီမန္ဟာ ဥေရာပသမဂၢ (EU) ရဲ႕ ဥပေဒျပုေရးဆုိင္ရာ အဓိကအဖြဲ႔အစည္းသံုးခုထဲက တခုျဖစ္ပါတယ္။ ဥေရာပေကာ္မရွင္ရဲ႕ အဆိုျပဳခ်က္ေပၚမွာ အေျခခံၿပီး ဥေရာပသမဂၢေကာင္စီ (Council of European Union) နဲ႔အတူ EU အတြက္ ဥပေဒေတြကို ညွိႏိႈင္းအတည္ျပဳေပးပါတယ္။

EU ထဲမွာ ဥေရာပေကာင္စီဟာ အဖြဲ႔ဝင္ ၂၇ ႏုိင္ငံက အစိုးရ ဒါမွမဟုတ္ ႏိုင္ငံအႀကီးအကဲေတြနဲ႔ ဖြဲ႔စည္းထားတာျဖစ္ၿပီး EU ရဲ႕ မူဝါဒေတြကို အဓိကခ်မွတ္တဲ့ အစိတ္အပိုင္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

{Unicode}

CRPH နဲ့ NUG ကို ထောက်ခံကြောင်း ဥရောပပါလီမန် ဆုံးဖြတ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကိုသာလျှင် မြန်မာလူထုရဲ့ ဒီမိုကရေစီနည်းကျ သဘောထားဆန္ဒကိုကိုယ်စားပြုတဲ့ တရားဝင် အဖွဲ့အစည်းတွေအဖြစ် ထောက်ခံတဲ့အကြောင်း ဥရောပပါလီမန်က ဆုံးဖြတ်လိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ဥပဒေကြောင်းအရ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာလည်း CRPH နဲ့ NUG ကိုဖိတ်ခေါ်ဖို့ ဥရောပပါလီမန်ရဲ့ အောက်တိုဘာလ ၆ ရက်နေ့ ဆုံးဖြတ်ချက်မှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အခုဆုံးဖြတ်ချက်ထဲမှာဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ် ချထားသလို သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရွေးကောက်ပွဲရလဒ်ကို လေးစားဖို့၊ အရပ်သားအစိုးရကို ချက်ချင်း အာဏာပြန်အပ်ဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းမဖက်ဖို့၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကိုလေးစားဖို့၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို တာဝန်ပြန်အပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံထဲမှာ လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အခြားလူတွေရဲ့လူ့အခွင့်အရေးအခြေအနေတွေ၊ ကျန်းမာရေးအနေအထားတွေကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပကိုယ်စားလှယ်တွေနဲ့ သံရုံးတွေက အနီးကပ်စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာမျိုး မလုပ်ဖို့လည်း ဆုံးဖြတ်ချက်မှာ တိုက်တွန်းထားတာပါ။ ဥရောပပါလီမန်ရဲ့ဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံံတွေ မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမယ့် ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။

တိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့ အမတ်အရေအတွက် ၇၀၅ ယောက်ပါတဲ့ ဥရောပပါလီမန်ဟာ ဥရောပသမဂ္ဂ (EU) ရဲ့ ဥပဒေပြုရေးဆိုင်ရာ အဓိကအဖွဲ့အစည်းသုံးခုထဲက တခုဖြစ်ပါတယ်။ ဥရောပကော်မရှင်ရဲ့ အဆိုပြုချက်ပေါ်မှာ အခြေခံပြီး ဥရောပသမဂ္ဂကောင်စီ (Council of European Union) နဲ့အတူ EU အတွက် ဥပဒေတွေကို ညှိနှိုင်းအတည်ပြုပေးပါတယ်။

EU ထဲမှာ ဥရောပကောင်စီဟာ အဖွဲ့ဝင် ၂၇ နိုင်ငံက အစိုးရ ဒါမှမဟုတ် နိုင်ငံအကြီးအကဲတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး EU ရဲ့ မူဝါဒတွေကို အဓိကချမှတ်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #EuropeanParliament #voaburmese #စစ်အာဏာသိမ်းမှု #ဥရောပပါလီမန် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG