သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွင်းကုန်ခွန် စစ်ပွဲရှောင်လွဲှဖို့ Donald Trump ကို EU တိုက်တွန်း


ဥရောပ ကောင်စီ ဥက္ကဌ Donald Tusk
ဥရောပ ကောင်စီ ဥက္ကဌ Donald Tusk

သံမဏိနဲ့ အလူမီနီယမ် သွင်းကုန်တွေအပေါ် အခွန်တင်းကြပ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် ကြေညာပြီးကတည်းက အဆင်မပြေဖြစ်နေတဲ့ အတ္တလန်တိတ်သမုဒ္ဒရာ ဟိုဘက်ဒီဘက်နိုင်ငံတွေကြား ကာလတာရှည်ရှိခဲ့တဲ့ ဆက်ဆံရေးကို ထိန်းသိမ်း သွားဖို့ ဥရောပသမဂ္ဂ EU ခေါင်းဆောင် Donald Tusk က သမ္မတထရမ့်ပ်ကို တောင်းဆိုလိုက်ပါတယ်။

သူဆင်နွှဲချင်နေပုံရတဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်မယ့်အရေးအစား ပူးပေါင်းဆောင်ရွက်မှု ပိုလုပ်သွားဖို့ ရည်ရွယ်သင့်ပါတယ်လို့ ဗုဒ္ဓဟူးနေ့က ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီးမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း EU ဥက္ကဌ မစ္စတာ Tusk ကပြောပါတယ်။

ဒါပေမဲ့လည်း သမ္မတထရမ့်ပ်ကတော့ ပြည်ပကရော၊ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီတွင်းကပါ ကန့်ကွက်တာတွေကို ဆက်ပြီး ပယ်ချ နေဆဲပါ။ ကျနော်တို့နိုင်ငံအပေါ် မမျှတတဲ့ ကုန်သွယ်ရေးနည်းလမ်းတွေ အများအပြားရှိနေတာကို မျက်ကွယ်ပြုမထားနိုင်ဘူးလို့ ဗုဒ္ဓဟူုးနေ့မှာပဲ သမ္မတထရမ့်ပ်က Twitter လူမှုဆက်သွယ်ရေးမီဒီယာမှာ ရေးပါသေးတယ်။

အမေရိကန်လုံခြုံရေးကို ကာကွယ်ဖို့ အခွန်တင်းကျပ်ဖို့ လိုအပ်တယ်လို့ သမ္မတထရမ့်ပ်က ဆက်ပြောနေပေမဲ့ ထရမ့်ပ်ရဲ့ ယူဆ ချက်ဟာ အကွက်ချ လှည့်စားချက်သက်သက်ပဲလို့ EU ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Cecilia Malmstrom ကပြောပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ဟာ လုံခြုံရေးဆိုင်ရာ စဉ်းစားချက်တွေအပေါ် တကယ်တမ်းအခြေခံတာမဟုတ်ဘဲ စီးပွားရေးအရ အကာ အကွယ်ယူဖို့လုပ်တာကို ဖုံးကွယ်ထားတာလို့ သံသယရှိပါတယ်ဆိုပြီး မစ္စ Malstrom ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG