သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် IMF ချေးငွေရအောင် EU ကူမည်


Shinjon-uyg'ur muxtoriyati
Shinjon-uyg'ur muxtoriyati
ယူကရိန်းနိုင်ငံ ပြီးခဲ့တဲ့လက လက်မှတ်ရေးဖိုးဖို့ ငြင်းဆန်ထားတဲ့ ဥရောပသမဂ္ဂ အီးယူနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ယူကရိန်းဘက်က လက်မှတ်ရေးထိုးမယ်ဆိုရင် အီးယူအနေနဲ့ ယူကရိန်းကို ဘဏ္ဍာရေး အထောက်အပံ့တွေ တိုးမြင့်ပေးသွားမယ့်အကြောင်း ဥရောပသမဂ္ဂ အီးယူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဖွဲ့ဝင် ၂၈ နိုင်ငံပါ အီးယူ ဥရောပသမဂ္ဂ အနေနဲ့ ဘဏ္ဍာရေးအကျပ်ရိုက်နေတဲ့ ယူကရိန်း အစိုးရကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ထံကနေ ချေးငွေတွေ ရအောင် ကူညီပေးတာ အပါအဝင် အီးယူဘက်က အကူအညီတွေ ပေးသွားမယ့် အကြောင်း အီးယူ တိုးချဲ့ရေးကော်မရှင်နာမင်းကြီး Stefan Fuele က ဘရက်ဆဲလ်မြို့မှာ ကြာသပတေးနေ့က ပြောသွားခဲ့တာပါ။

ဘယ်အချိန်မှာ ဒီ အကူအညီတွေ ပေးသွားမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက် အသေးစိတ်ကိုတော့ သူက မပြောသွားပါဘူး။ ဒါပေမဲ့ ယူကရိန်းအစိုးရဟာ ရုရှားကိုပေးရမယ့် သဘာဝဓာတ်ငွေ့ အကြွေး အပါအဝင် နိုင်ငံခြား ကြွေးမြီတွေ အချိန်မီ ပြန်ဆပ်နိုင်ဖို့အတွက် ဒေါ်လာ သန်းပေါင်း ၂ သောင်းကျော် လိုအပ်နေတယ်ဆိုတာကို သတင်းတွေမှာ အကျယ်တဝံ့ ဖော်ပြနေကြတာပါ။

ယူကရိန်း ဝန်ကြီးချုပ် Mykola Azarov ကလည်း နိုင်ငံခြားကြွေးမြီ ၂၇.၅ ဘီလျံ ရှိနေတဲ့အကြောင်းကို ဗုဒ္ဓဟူးနေ့ကပဲ ထုတ်ဖော် ပြောခဲ့တာပါ။ ယူကရိန်းသမ္မတရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြတဲ့ ဆန္ဒပြပွဲတွေ မြို့တော် ကီးယက်ဖ်မှာ ဆက်လက်ဖြစ်ပွားနေသလို၊ Stefan Fuele နဲ့အတူ အီးယူ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ Catherine Ashton တို့ ယူကရိန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ကြာသပတေးနေ့ နှောင်းပိုင်းမှာတော့ ကီးယက်ဖ်မြို့လယ်က ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းက ရဲတွေ ဖျက်စီးခဲ့တဲ့ အကာအရံ အတားအဆီးတွေကို ပြန်လည် တည်ဆောက်ပြီး နေရာယူခဲ့ကြတယ်လို့ ပြောပါတယ်။
XS
SM
MD
LG