သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းငါးဖမ်းလုပ်ငန်း စည်းကမ်းတကျ ဆောင်ရွက်ဖို့ EU ရာဇသံပေး


ထိုင်းနိုင်ငံတောင်ပိုင်း ငါးလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရေလုပ်သားများ။
ထိုင်းနိုင်ငံတောင်ပိုင်း ငါးလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရေလုပ်သားများ။

ထိုင်းနိုင်ငံအနေနဲ့ IUU ခေါ် တရားမဝင်တဲ့၊ အသိမပေးတဲ့၊ စည်းမျဉ်းအရ လိုက်နာခြင်းမရှိတဲ့ ငါးဖမ်းလုပ်ငန်းကို သိသိသာသာ ပြောင်းလဲပစ်မလား၊ သို့တည်းမဟုတ် EU နိုင်ငံတွေကို ပင်လယ်စာတွေ တင်ပို့နေမှု အခုနှစ်ကုန်ပိုင်းမှာ ရပ်ဆိုင်းခံမလားဆိုပြီး အဝါရောင်ကပ် ရာဇသံ ထုတ်ပြန် သတိပေးလိုက်ပါတယ်။

သိသာတဲ့ ချို့ယွင်းချက်တွေ ရှိနေတယ်လို့ ဖော်ပြထားပြီး နိုင်ငံတကာမှာ လိုက်နာရမယ့် စည်းမျဉ်း ကန့်သတ်ချက်တွေကို ထိုင်းနိုင်ငံအနေနဲ့ လိုက်နာ ဆောင်ရွက်ခြင်း ရှိမရှိဆိုတဲ့ အချက်ကို ပြသတဲ့ တိုင်းပြည်ရဲ့ ဥပဒေစည်းကမ်းအပေါ် လိုက်နာဆောင်ရွက်မှု၊ အုပ်ချုပ်ရေးပိုင်း စတဲ့ ဥပဒေ မူဘောင်ကို အသေးစိတ် လေ့လာ စမ်းစစ်ပြီးတဲ့နောက် EU က အခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ EU က အနီရောင်ကဒ်ကို ထုတ်ပြန်လိုက်ရင်တော့ ထိုင်းနိုင်ငံရဲ့ ပင်လာစာ တင်ပို့လုပ်ငန်းငန်း ဝင်ငွေကို နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ထိခိုက်သွားစေနိုင်ပါတယ်။

EU က အထူးစိုးရိမ်တဲ့ အချက်ကတော့ ထိုင်းနိုင်ငံအနေနဲ့ ငါးတင်ပို့လုပ်ငန်းအတွက် လိုက်နာရမယ့် မူလ သဘောတူညီချက်ကို လိုက်နာဖို့ ပျက်ကွက်တာနဲ့ တရားဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ငါးဖမ်းလုပ်ငန်းဆိုင်ရာ ပေါ်လစီတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်တဲ့အနေနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနက ဖူးခက်ဒေသမှာ အခုသီတင်းပတ်အတွင်း Campaign တွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တရားမဝင် ငါးဖမ်းလုပ်ငန်းက နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံအထိ ရှိနေတာကြောင့် ဒါဟာ ကမ္ဘာတဝှမ်း တရားဝင် ငါးဖမ်းလုပ်ငန်းရဲ့ ၁၅% ဖြစ်တယ်လို့ IUU က ပြောပါတယ်။

XS
SM
MD
LG