သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်လက်ခံဖို့ EU က တူရကီကို ဒေါ်လာသန်းထောင်ချီပေးမည်


ဥရောပကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ဝင်ရောက်လာကြတဲ့ ဒုက္ခသည်များ။
ဥရောပကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ဝင်ရောက်လာကြတဲ့ ဒုက္ခသည်များ။

ဥရောပကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ ဝင်ရောက်လာကြတဲ့ ဒုက္ခသည်တွေရဲ့ အရေးကို ဖြေရှင်းဖို့အတွက် တူရကီနိုင်ငံကို ဒေါ်လာဘီလီယံပေါင်းများစွာပေးဖို့ ဥရောပသမဂ္ဂက သဘောတူညီလိုက်ပါတယ်။

အခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေကြောင့်၊ ဒုက္ခသည်အမြောက်အများဟာ သူတို့ရဲ့ နေရပ်တွေကို စွန့်ခွာပြီး တူရကီ နဲ့ ဥရောပနိုင်ငံတွေကို ဝင်ရောက်လာနေကြတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်း ၊ တူရကီ နဲ့ ဥရောပတာဝန်ရှိသူတွေဟာ တူရကီနိုင်ငံက လက်ခံထားတဲ့ ဒုက္ခသည်တွေကို တူရကီနိုင်ငံအနေနဲ့ ဆက်လက်တောင့်ခံထားနိုင်ဖို့ ကူညီဖို့ ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံအကူအညီပေးရေးသဘောတူညီချက်ကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဥရောပကို ဒီနှစ်ရောက်ရှိတဲ့ ဆီးရီးယားနိုင်ငံက အရေအတွက်အများဆုံးဒုက္ခသည်အဖွဲ့ဟာ တူရကီနိုင်ငံကိုဖြတ်ပြီး ဂရိ နဲ့ ဘူလ်ဂေးရီးယားနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ကျနော်တို့ သဘောတူညီချက်က ကျနော်တု့ိနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နေရာတွေမှာမှာ အချိန်မီ နေရာချထားရေးလုပ်ဆောင်ဖို့အတွက် ရှင်းလင်းတဲ့အစီအစဉ်တရပ်ကို ချမှတ်သွာဖို့ဖြစ်တယ်လို့ ဥရောပကောင်စီ ဥက္ကဋ္ဌ Donald Tusk က တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတိုဂလူ နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker တို့နဲ့ အတူပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG