သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေးအခြေအနေ UNHRC မှာ EU တင်သွင်းမည်

UNHRC
UNHRC

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း စတင် ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် အစည်းအဝေးမှာ ဥရောပသမဂ္ဂ EU ဦးဆောင် တင်သွင်း သွားမယ်လို့ EU ပြည်ပရေးရာဌာန (EEAS) ရဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ ဂျီနီဗာ၊ လူ့အခွင့်အရေးကောင်စီ ဌာနချုပ်မှာ ကျင်းပမှာပါ။

အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး ခန့်ထားတာ ကို သက်တမ်းတိုးဖို့နဲ့ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်ဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းတွေ အမြန်ဆုံးစတင်နိုင်ရေး တောင်းဆိုတာတွေ ပါဝင်မှာဖြစ်တယ်လို့ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့ရဲ့အကြီးအကဲ သံအမတ်ကြီး Walter Stevens က ပြောတာကို ကိုးကား ပြီး သတင်းမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံမှုရှိစေဖို့၊ ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှု ရရှိစေဖို့ အရေးကြီးတယ်ဆိုတာ EU အနေနဲ့ ဆက်ပြီး အလေးထား ပြောဆိုသွားမှာဖြစ်ပြီးတော့ ကုလသမဂ္ဂက ခန့်အပ် ဖွဲ့စည်း ထားတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးနဲ့ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်ဖို့ အားပေး တိုက်တွန်းသွားမယ်လို့လည်း ဖော်ပြ ထားပါတယ်။ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC လို အဓိက ပူးတွဲလုပ်ဆောင်ဖက်တွေနဲ့သာမက မြန်မာနိုင်ငံနိုင်ငံနဲ့ပါ ထိတွေ့ ပြောဆိုသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

UN Bur
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG