သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Euro 2024 ဒုတိယနေ့


ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ Euro ၂၀၂၄ ဘောလုံးဗိုလ်လုပွဲ ဒုတိယနေ့ ပထမပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းက ၃ ဂိုး ဟန်ဂေရီအသင်းက ၁ ဂိုးနဲ့ ဆွစ်ဇာလန်အသင်းက နိုင်သွားပါတယ်။

ဒီနေ့စနေ့အတွက် ၃ ပွဲ ကစားဖို့ရှိတာမှာ ဒုတိယပွဲကတော့ စပိန်နဲ့ ခရိုအေးရှားအသင်းတို့ ကစားကြမှာပါ။ မြန်မာနိုင်ငံစံတော်ချိန် ည ၁၀ နာရီခွဲမှာ ပွဲစမှာ ဖြစ်ပါတယ်။ ၂၀၂၃ Euro ဖလားရထားတဲ့ အီတလီအသင်းနဲ့ အယ်လ်ဘေးနီးယားအသင်းတို့လည်း ဒီနေ့ စနေနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။

အဲဒီပွဲကတော့ မြန်မာစံတော်ချိန် တနင်္ဂနွေမနက် ၁ နာရီခွဲမှာ စတင်မှာ ဖြစ်ပါတယ်။ မနေ့က ပွဲဦးထွက် အိမ်ရှင်ဂျာမနီနဲ့ စကော့တလန်ပွဲမှာ ဂျာမနီက ၅ ဂိုး၊ စကော့တလန်က ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ အုပ်စု A မှာ ဂျာမနီနဲ့ ဆွစ်ဇာလန်တို့ ၃ မှတ်စီ ရထားပေမဲ့ ဂိုးပိုများတဲ့ ဂျာမနီက အုပ်စုထိပ်မှာ ရှိနေပါတယ်။

Forum

XS
SM
MD
LG