သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေး EU ယူရို ၄ သန်းခွဲကူ


မြန်မာနိုင်ငံက ရေဘေးဒဏ်သင့်လူထုအတွက် နောက်ထပ် အကူအညီရန်ပုံငွေ ကျပ်ငွေ ၆ ဘီလီယံ၊ ယူရိုငွေနဲ့ဆိုရင် ၄.၅ သန်းကို ဥရောပ သမဂ္ဂ EU ကပေးမယ်လို့ ရန်ကုန်မြို့အခြေစိုက် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ သံရုံးတွေရဲ့ သြဂုတ်လ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

EU အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီအတွက် နှစ်စဉ် ယူရိုငွေ သန်း ၅ဝ ပေးနေတာဖြစ်ပြီး အခု ရေဘေးအတွက် နောက်ထပ် ယူရိုငွေ ၄ သန်းခွဲ ထပ်တိုးပြီးတော့ပေးတာပါ။

သက်ဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အကူအညီ အလိုအပ်ဆုံးဖြစ်နေတဲ့ဒေသတွေက ပြည်သူတွေကို ထိထိရောက် ရောက် ကူညီနိုင်ဖို့ စီမံသွားမယ်လို့လည်း EU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူတွေ ပြန်လည်ထူထောင်ရေးကိစ္စအဝဝကို ကူညီသွားမှာဖြစ်သလို နောင်ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေး အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက်လည်း ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းစီစဉ် ဆောင်ရွက်သွားမယ်လို့ EU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG