သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နဲ့ဂျာမနီ ဆီမီးဖိုင်နယ်မှာတွေ့မည်


ပြင်သစ် Paul Pogba ခေါင်းတိုက်သွင်းစဉ်။ (ဇူလိုင် ၃၊ ၂၀၁၆)
ပြင်သစ် Paul Pogba ခေါင်းတိုက်သွင်းစဉ်။ (ဇူလိုင် ၃၊ ၂၀၁၆)

ဥရောပချံပီယံဖလား ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံး ကွာတား ဖိုင်နယ်ပွဲစဉ်ကို အိမ်ရှင် - ပြင်သစ်အသင်းနဲ့ Iceland အသင်း တနင်္ဂနွေနေ့က ကစားကြတာမှာ အိမ်ရှင် ပြင်သစ်အသင်းက ၅ ဂိုး၊ ၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်သွားပါပြီ။

ဆီမီးဖိုင်နယ်မှာတော့ ပြင်သစ်အသင်းဟာ နာမည်ကြီး ဂျာမနီအသင်းနဲ့ ကြာသပတေးနေ့မှာ ကစားကြမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းကို အနိုင်ရပြီး ဆင်ဒရဲလားဇာတ်လမ်းလို ရုတ်တရက် နံမည်ကြီးသွားခဲ့တဲ့ Iceland အသင်းဟာ ပွဲစဉ် အစကနေအဆုံးအထိ အိမ်ရှင် ပြင်သစ်အသင်းက အချိတ်အဆက်မိမိနဲ့ ဖိပြီး ကစားသွားခဲ့ကြတာကြောင့် ကစားကွက်ပျက်ပြီး ခံစစ်သာသာနဲ့သာ ပြန်ကစားခဲ့ နိုင်ပါတယ်။ ပထမပိုင်းမှာ ပြင်သစ်အသင်းက ၄ ဂိုး၊ ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ရာက ဒုတိယပိုင်းမှာ Iceland အသင်းက ချေပဂိုး ၁ ဂိုး ပြန် သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြင်သစ်အသင်းက နောက်ထပ် တဂိုး ထပ်သွင်းလိုက်နိုင်ပြီး Iceland အသင်းကလည်း တဂိုး ပြန်သွင်းနိုင်ခဲ့တာကြောင့် ၅ ဂိုး၊ ၂ ဂိုးနဲ့ ပွဲစဉ်ကို အဆုံးအဖြတ် ပေးလိုက်တာဖြစ်ပါတယ်။

အရင် ပွဲစဉ်တွေ အစပိုင်းမှာ ခပ်နှေးနှေးသာစခဲ့လေ့ရှိတဲ့ ပြင်သစ်အသင်းက အခုပွဲစဉ် ပထမပိုင်း ၄၅ မိနစ်အတွင်းမှာတင် ၄ ဂိုး သွင်းလိုက် နိုင်တာဟာ ဥရောပချန်ပီယံဖလား ပြိုင်ပွဲအတွင်း ဂိုးသွင်းနိုင်မှု အများဆုံး ဖြစ်ပါတယ်။ ကြာသပတေးနေ့ည မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ ဂျာမနီအသင်းနဲ့ ဆီမီးဖိုင်နယ် ကစားတဲ့အခါမှာတော့ ပြင်သစ်အသင်းအနေနဲ့ Iceland အသင်းနဲ့ ကစားခဲ့တာထက် ပိုပြီး ခက်ခဲတဲ့ ပွဲစဉ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။ Portugal နဲ့ Wales အသင်း တို့ကတော့ ပထမ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်နဲ့ ဗုဒ္ဓဟူးနေ့ည မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာ ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG