သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပဖလား စနေပွဲစဉ် ဒိန်းမတ်နဲ့ ဂျာမနီ အနိုင်ရ


စနေနေ့က ကန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဥရောပဖလား ဘောလုံး ဗိုလ်လုပွဲတွေမှာ ဒိန်းမတ်က နယ်သာလန်ကို တဂိုး ဂိုးမရှိ၊ ဂျာမနီက ပေါ်တူဂီကို တဂိုး ဂိုးမရှိစီနဲ့ နိုင်သွားခဲ့ကြပါတယ်။ ဒီဘောလုံးပွဲတွေကို ပိုလန်နဲ့ ယူကရိန်းနိုင်ငံတွေက ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပပေးကြတာ ဖြစ်ပြီး နယ်သာလန် နဲ့ ဒိန်းမတ်ပွဲကို ယူကရိန်းနိုင်ငံ ဟာကဗ်မြို့က Metal - ist ဘောလုံးကွင်းမှာ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ စ ကစားခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီနဲ့ ပေါ်တူဂီပွဲကိုလည်း ယူကရိန်းနိုင်ငံမှာပဲ လဗြူးမြို့က လဗြူးကွင်းမှာ ဒေသအချိန် ည ၈ နာရီ ၄၅ မိနစ်မှာ စ ကန်ခဲ့ကြတာပါ။ နယ်သာလန် နဲ့ ဒိန်းမတ် ပွဲမှာ အများကမျှော်လင့်ထားခဲ့တာနဲ့ လွဲပြီး ဒိန်းမတ်က အနိုင်ရသွားတာပါ။

နှစ်နိုင်ငံလုံးက ဘောလုံးပရိသတ်ဟာ မြို့လယ်ရင်ပြင်မှာ စုဝေးပြီး ရုပ်မြင်သံကြား အကြီးကြီးနဲ့ ထုတ်လွှင့်ပြသတဲ့ ဘောလုံးပွဲကို အားပေးခဲ့ကြတာပါ။ ဇွန်လ ၁၃ ရက်နေ့ကျရင်တော့ မနေ့ကပွဲမှာ အနိုင်ရသွားတဲ့ ဒိန်းမတ်အသင်းက ပေါ်တူဂီနဲ့ ကစားရမှာ ဖြစ်ပြီး နယ်သာလန်အသင်းကလည်း ဂျာမနီနဲ့ ကန်ရမှာ ဖြစ်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG