သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူ႐ိုဇုံ ကုန္သြယ္ေရးလိုေငြျပမႈ မတ္လမွာ စံခ်ိန္တင္


[[Zawgyi/Unicode]]

ျပင္ပကတင္သြင္းရတဲ့ ေလာင္စာဆီေဈးေတြ တက္ေနတဲ့အတြက္ ယူ႐ိုေငြေၾကးသုံးတဲ့ႏိုင္ငံေတြရဲ႕ ကုန္သြယ္ေရးလိုေငြျပမႈဟာ မတ္လအတြင္း စံခ်ိန္တင္သြားတယ္လို႔ တနလၤာေန႔မွာ ထုတ္ျပန္တဲ့ စာရင္းဇယားေတြမွာ ေဖာ္ျပထားပါတယ္။

ယူ႐ိုေငြေၾကးသုံးတဲ့ ၁၉ ႏိုင္ငံရဲ႕ ကုန္သြယ္ေရးလိုေငြျပမႈဟာ ပုံမွန္ အတက္အက်ျဖစ္တာေတြကို ထည့္မတြက္ခင္အထိ ယူ႐ို ၁၆.၄ ဘီလီယံရွိခဲ့တာေၾကာင့္ မႏွစ္ ၂၀၂၁ ခုႏွစ္ မတ္လက ကုန္သြယ္ေရး ပိုေငြျပမႈ ၂၂.၅ ဘီလီယံရွိခဲ့တာနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ သိသိသာသာ ေျပာင္းလဲသြားခဲ့တယ္လို႔ အီးယူ ဥေရာပသမဂၢ ကိန္းဂဏန္း အခ်က္အလက္မ်ားဆိုင္ရာဌာ Eurostat ႐ုံးက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။

ရာသီအလိုက္ ပုံမွန္အတက္အက်ရွိတာေတြကိုပါ ထည့္တြက္လိုက္ရင္ ကုန္သြယ္ေရးလိုေငြျပမႈဟာ ယူ႐ို ၁၇.၆ ဘီလီယံအထိ ရွိသြားတာေၾကာင့္ ဒါဟာ Eurostat က ကိန္းဂဏန္းေတြကို စတင္ျပဳစုလာတဲ့ ၁၉၉၉ ခုႏွစ္ကစလို႔ အမ်ားဆုံး ကုန္သြယ္ေရးလိုေငြျပမႈ ျဖစ္ပါတယ္။

ႏွစ္စဥ္ တန္ေၾကးေျပာင္းလဲမႈေတြကို ထည့္မတြက္ဘူးဆိုရင္ မႏွစ္က ဒီအခ်ိန္နဲ႔ ႏႈိင္းယွဥ္လိုက္ရင္ အခုႏွစ္ မတ္လအတြင္း သြင္းကုန္တန္ဖိုးဟာ ၃၅% တက္သြားၿပီး ပို႔ကုန္ကေတာ့ ၁၄% သာ တက္ခဲ့တယ္လို႔ ဆိုပါတယ္။

အခုလို ႀကီးမားတဲ့ ေျပာင္းလဲမႈျဖစ္ရျခင္း အေၾကာင္းရင္းဟာ ေလာင္စာဆီေဈးေတြ အဆမတန္ တက္ေနတဲ့အတြက္ျဖစ္ၿပီး ေလာင္စာဆီ တင္သြင္းမႈသက္သက္ရဲ႕လိုေငြျပမႈဟာ အခုႏွစ္ ပထမ ၃ လအတြင္း ၃ ဆ တက္သြားၿပီး ယူ႐ို ၁၂၈.၇ ဘီလီယံ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

အီးယူက ေလာင္စာဆီ အဓိက ဝယ္ယူတင္သြင္းေနတဲ့ ႐ုရွားႏိုင္ငံနဲ႔ဆိုရင္လည္း ေလာင္စာဆီ လိုေငြျပမႈဟာ ၃ ဆ တက္သြားၿပီး မႏွစ္ ၂၀၂၁ ခုႏွစ္မွာ ၁၀.၈ ဘီလီယံရွိခဲ့ရာက အခုႏွစ္အတြင္း ၄၅.၂ ဘီလီယံ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ယူရိုဇုံ ကုန်သွယ်ရေးလိုငွေပြမှု မတ်လမှာ စံချိန်တင်

ပြင်ပကတင်သွင်းရတဲ့ လောင်စာဆီဈေးတွေ တက်နေတဲ့အတွက် ယူရိုငွေကြေးသုံးတဲ့နိုင်ငံတွေရဲ့ ကုန်သွယ်ရေးလိုငွေပြမှုဟာ မတ်လအတွင်း စံချိန်တင်သွားတယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

ယူရိုငွေကြေးသုံးတဲ့ ၁၉ နိုင်ငံရဲ့ ကုန်သွယ်ရေးလိုငွေပြမှုဟာ ပုံမှန် အတက်အကျဖြစ်တာတွေကို ထည့်မတွက်ခင်အထိ ယူရို ၁၆.၄ ဘီလီယံရှိခဲ့တာကြောင့် မနှစ် ၂၀၂၁ ခုနှစ် မတ်လက ကုန်သွယ်ရေး ပိုငွေပြမှု ၂၂.၅ ဘီလီယံရှိခဲ့တာနဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာ ပြောင်းလဲသွားခဲ့တယ်လို့ အီးယူ ဥရောပသမဂ္ဂ ကိန်းဂဏန်း အချက်အလက်များဆိုင်ရာဌာ Eurostat ရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရာသီအလိုက် ပုံမှန်အတက်အကျရှိတာတွေကိုပါ ထည့်တွက်လိုက်ရင် ကုန်သွယ်ရေးလိုငွေပြမှုဟာ ယူရို ၁၇.၆ ဘီလီယံအထိ ရှိသွားတာကြောင့် ဒါဟာ Eurostat က ကိန်းဂဏန်းတွေကို စတင်ပြုစုလာတဲ့ ၁၉၉၉ ခုနှစ်ကစလို့ အများဆုံး ကုန်သွယ်ရေးလိုငွေပြမှု ဖြစ်ပါတယ်။

နှစ်စဉ် တန်ကြေးပြောင်းလဲမှုတွေကို ထည့်မတွက်ဘူးဆိုရင် မနှစ်က ဒီအချိန်နဲ့ နှိုင်းယှဉ်လိုက်ရင် အခုနှစ် မတ်လအတွင်း သွင်းကုန်တန်ဖိုးဟာ ၃၅% တက်သွားပြီး ပို့ကုန်ကတော့ ၁၄% သာ တက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်ရခြင်း အကြောင်းရင်းဟာ လောင်စာဆီဈေးတွေ အဆမတန် တက်နေတဲ့အတွက်ဖြစ်ပြီး လောင်စာဆီ တင်သွင်းမှုသက်သက်ရဲ့လိုငွေပြမှုဟာ အခုနှစ် ပထမ ၃ လအတွင်း ၃ ဆ တက်သွားပြီး ယူရို ၁၂၈.၇ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အီးယူက လောင်စာဆီ အဓိက ဝယ်ယူတင်သွင်းနေတဲ့ ရုရှားနိုင်ငံနဲ့ဆိုရင်လည်း လောင်စာဆီ လိုငွေပြမှုဟာ ၃ ဆ တက်သွားပြီး မနှစ် ၂၀၂၁ ခုနှစ်မှာ ၁၀.၈ ဘီလီယံရှိခဲ့ရာက အခုနှစ်အတွင်း ၄၅.၂ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုပါတယ်။
=========

XS
SM
MD
LG