သုံးရလွယ်ကူစေသည့် Link များ

ကြွေးမြီပြဿနာကို ယူရိုငွေကြေးသုံး နိုင်ငံတွေ ကြံ့ကြံ့ခံနိုင်

  • ဗွီအိုအေ (မြန်မာဌာန)

ကြွေးမြီပြဿနာကို ယူရိုငွေကြေးသုံး နိုင်ငံတွေ ကြံ့ကြံ့ခံနိုင်

ဥရောပ ယူရိုငွေကြေး သုံးစွဲတဲ့ နိုင်ငံ ၁၆ နိုင်ငံ အနေနဲ့ ဥရောပတိုက်မှာ ကြုံနေရတဲ့ ကြွေးမြီပြဿနာကနေ ကျော်လွှားနိုင်မှာ ဖြစ်သလို ယူရိုငွေကြေးသုံး အဖွဲ့ဝင်နိုင်ငံတွေမှာ အကြွေးပြဿနာကို ဖြေရှင်းရလောက်အောင် အန္တရာယ် မရှိဘူးလို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာခဲလ် (Angela Merkel) က ပြောဆိုလိုက်ပါတယ်။

ဒေါ်လာတန်ဖိုးနဲ့ယှဉ်ရင် ယူရိုဟာ ၂ လနီးပါးကြာအောင် ကျဆင်းမှုတွေနဲ့ ကြုံနေရချိန်မှာ ဘဏ္ဍာရေး ဈေးကွက်တွေကို အာမခံပေးတဲ့ အနေနဲ့ ဘာလင်မြို့မှာ ဂျာမန်ဝန်ကြီးချုပ်က ကြာသပတေးနေ့ကပဲ အခုလို ပြောဆိုလိုက်တာပါ။

လေ့လာ ဆန်းစစ်သူတွေကတော့ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေက ဂရိနဲ့ အိုင်ယာလန် နိုင်ငံတွေလို နိုင်ငံတကာက ဘဏ္ဍာရေး အထောက်အပံ့ ကူညီပေးဖို့ အကူအညီမျိုးတွေ တောင်းခံလာမယ်ဆိုရင် ယူရိုငွေတန်ဖိုး ထပ်မံ ကျဆင်းလာမှာကို စိုးရိမ်မကင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ်က ဈေးကွက်ထဲမှာ အကြီးအကျယ် စိုးရိမ်မှုတွေ ရှိနေတာကို အသိအမှတ်ပြု ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ဥရောပသမဂ္ဂ အနေနဲ့ လက်ရှိ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ခိုင်ခိုင်မာမာ ရပ်တည်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်မှုတွေဟာ ဒီနှစ်ဆန်းပိုင်းမှာတုန်းကထက် ပိုပြီး ခိုင်မာလာတယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ နှောင်းပိုင်းမှာ ယူရိုငွေကြေးသုံး နိုင်ငံတွေထဲက အဓိက နိုင်ငံတခုဖြစ်တဲ့ ဂျာမဏီနိုင်ငံ ၀န်ကြီးချုပ် မာကဲလ်နဲ့ ပြင်သစ်သမ္မတ နစ်ကိုလပ် ဆာကိုဇီ (Nicolas Sarkozy) တို့ ၂ ဦး တယ်လီဖုန်းကတဆင့် ဆွေးနွေးကြရာမှာတော့ အိုင်ယာလန်နိုင်ငံကို အကူအညီပေးရေး အစီအစဉ်အတွက် မြန်မြန်ဆန်ဆန် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သွားကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG