သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီ ဆီမီးဖိုင်နယ်တက်


ဥရောပချန်ပီယံဖလား ဘောလုံးပြိုင်ပွဲတွေကို စနေနေ့က ပြင်သစ်နိုင်ငံမှာ ဆက်လက် ကျင်းပရာမှာ ဂျာမနီနဲ့ အီတလီအသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲအတွင်း နှစ်ဘက် ၁ ဂိုးစီ သရေဖြစ်နေတာကြောင့် ပင်နယ်တီကန်ပြီး ဂျာမနီအသင်းက အနိုင်ရသွားတဲ့အတွက် ဆီမီးဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။

ပွဲစဉ် ပထမပိုင်းမှာ ဂျာမနီအသင်းက ၁ ဂိုး - ဂိုးမရှိနဲ့ ဦးဆောင်နေရာက ဒုတိယပိုင်း ၇၇ မိနစ်မှာ အီတလီအသင်းက ပင်နယ်တီ ရရှိသွားပြီး၊ ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲစဉ်တလျှောက် ဂျာမနီဘက်က ဂိုးသွင်းခွင့် ပိုရခဲ့သလို ဂျာမနီဘက်က ပထပိုင်းမှာ ၁ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၁ ဂိုး သွင်းနိုင်ခဲ့တာတွေဟာလည်း လူကျွန်ဘောနဲ့ ဖောင်းပေးခံလိုက်ရတာတွေကြောင့် အဲဒီ ဂိုးတွေ မရဘဲ ဖြစ်သွားခဲ့ပါတယ်။

ကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ ၂ ဘက်စလုံး ဘယ်သူမှ ဂိုး ထပ်မသွင်း နိုင်ကြတော့တဲ့အတွက် အချိန်ပို ကစားရာမှာလည်း ဘယ်သူမှ ထပ်မသွင်းနိုင်တော့တာကြောင့် ပင်နယ်တီကန်ပြီး ပွဲစဉ်ကို အဆုံးအဖြတ် ပေးလိုက်ရတာပါ။

ပင်နယ်တီကန်တဲ့ နေရာမှာလည်း နှစ်သင်းစလုံး ဂိုးပြတ်အောင် မကန်နိုင်တဲ့အတွက် ၉ လုံးအထိ ဆက်တိုက် ကန်ပြီးမှ ဂျာမနီအသင်းက ပင်နယ်တီ ၉ လုံးမြောက်မှာ အနိုင်ရသွားခဲ့တာပါ။ အခုလို ၉ လုံးအထိ ကန်သွင်းရတာဟာ ဥရောပချန်ပီယံဖလား ပြိုင်ပွဲ သမိုင်းတလျှောက် ပင်နယ်တီကန်သွင်းရမှု အများဆုံးဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာတော့ နောက်ဆုံး ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ အိမ်ရှင် ပြင်သစ်အသင်းနဲ့ Iceland အသင်းတို့ ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ကြာသပတေးနေ့မှာ ဂျာမနီနဲ့ ဆီးမီးဖိုင်နယ်မှာ ကစားရမှာ ဖြစ်ပါတယ်။ ပထမ ဆီမီးဖိုင်နယ်ပွဲစဉ်ကတော့ Portugal နဲ့ Wales အသင်းတို့ ဗုဒ္ဓဟူးနေ့မှာ ကစားကြရမှာ ဖြစ်ပါတယ်။

ဂျာမနီ ဆီမီးဖိုင်နယ်တက်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG