သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ကြက်ဥတွေမှာ တားမြစ်ပိုးသတ်ဆေး ပါဝင်


ဥရောပတိုက်တဝန်းမှာ ပိုးမွှားတွေပါပြီး မသန့်စင်တဲ့ကြက်ဥတွေ ပြန့်နှံ့နေတဲ့ကိစ္စ စုံစမ်းစစ်ဆေးနေတာမှာ နယ်သာလန်ရဲတပ်ဖွဲ့က လူ နှစ်ယောက်ကို ကြာသပတေးနေ့မှာ ဖမ်းလိုက်ပါတယ်။

တားမြစ်ထားတဲ့ ပိုးသတ်ဆေးတမျိုးကို မွေးမြူရေးခြံတခြံမှာ အသုံးပြုခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ အမျိုးသားနှစ်ဦးကို နယ်သလန် အာဏာပိုင်တွေက ဖမ်းလိုက်တာပါ။ မွေးမြူရေးခြံအတော်များများကို ဘယ်လ်ဂျီယံနဲ့ နယ်သာလန် အာဏာပိုင်တွေပေါင်းပြီး ဝင်ရောက် ရှာဖွေတာတွေလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့လဲ ဘယ်ကုမ္ပဏီတွေကို ဦးတည်ပြီး လုပ်ဆောင်တာလဲဆိုတဲ့ အသေးစိတ်ကို တော့ အာဏာပိုင်တွေက မပြောပါဘူး။

လူတွေရဲ့ ကျောက်ကပ်၊ အသည်းနဲ့ သိုင်းရွိုက်အကျိတ်တွေကို ထိခိုက်စေတဲ့ Fipronil ဆိုတဲ့ ပိုးသတ်ဆေးကို တရားမဝင် အသုံး ပြုတယ်ဆိုတဲ့အပေါ် ဥရောပနိုင်ငံတွေက ကြက်ဥ မွေးမြူထုတ်လုပ်သူ ဒါဇင်ပေါင်းများစွာ စုံစမ်း စစ်ဆေးခံနေရတာပါ။

အန္တရာယ်မကင်းတဲ့ ကြက်ဥတွေကြောင့် ကျန်းမာရေးထိခိုက်သွားသူ တယောက်မှ မရှိသေးပေမဲ့လဲ ဥရောပတိုက်တဝန်းက ကုန်တိုက် ကြီးတွေကတော့ ကြက်ဥ သန်းပေါင်းများစွာကို သူတို့ဆိုင်တွေကနေ ဖယ်ထုတ်ပစ်ခဲ့ကြပြီးပါပြီ။

ဗြိတိန်၊ နယ်သာလန်၊ လူဇင်ဘတ်၊ စလိုဗက်ကီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ရိုမေးနီးယား၊ ပြင်သစ် စတဲ့ ဥရောပနိုင်ငံအသီးသီးကို ဒီ အန္တရာယ်ရှိတဲ့ကြက်ဥတွေ အရေအတွက်အများအပြား ရောက်သွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG