သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလာင္စာဆီရွားပါးမႈေၾကာင့္ ဥေရာပမွာ ခရစၥမတ္မီးထြန္းပြဲေတြက်င္းပဖို႔ အခက္ႀကဳံ


Christmas lights are displayed on Regent Street, in London, Nov. 24, 2022.

႐ုရွားက ယူကရိန္းႏိုင္ငံအေပၚက်ဴးေက်ာ္စစ္ေၾကာင့္ ဥေရာပတဝန္းမွာ စြမ္းအင္၊ ေလာင္စာ အခက္အခဲႀကဳံေနရတဲ့အခ်ိန္မွာ၊ အခုလာမယ့္ ေဆာင္းရာသီ ခရစၥမတ္ အားလပ္ရက္ပြဲေတာ္ကာလအတြင္း မီးေရာင္စုံေတြထြန္းၿပီး ဆင္ႏြဲသင့္ မႏြဲသင့္ဆိုတာနဲ႔ ပတ္သက္ၿပီး တာဝန္ရွိသူေတြၾကားမွာ ေဝခြဲမရ ျဖစ္ေနပါတယ္။

ယူကရိန္းစစ္ပြဲေၾကာင့္ စြမ္းအင္စရိတ္ေတြ ျမင့္တက္ေနတဲ့အတြက္ ခရစၥမတ္ကာလကို စြမ္းအင္ေခြၽတာတဲ့အေနနဲ႔ မီးေတြသိပ္မထြန္းပဲ ေနမလား၊ ဒါမွမဟုတ္ မီးေတြပုံမွန္အတိုင္း ထြန္းသြားမလားဆိုၿပီး အက်ပ္အတည္း ေတြ႔ေနတာပါ။ တခ်ိဳ႕ကလည္း လြန္ခဲ့တဲ့ ၂ ႏွစ္မွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေကာင္းေကာင္းမဆင္ႏြႊဲလိုက္ရတာကို တြန္းလွန္အံတုၿပီး ေဆာင္းရာသီအားလပ္ရက္မွာ လူေတြစိတ္ေပ်ာ္႐ႊင္ေအာင္လုပ္ဖို႔ ဆႏၵရွိတဲ့သူေတြလည္း ရွိေနၿပီး၊ စပိန္ႏိုင္ငံ ဂရာနာဒါးၿမိဳ႕ခံတဦးကေတာ့ မီးေတြမထြန္းဘူးဆိုရင္ေတာ့ ခရစၥမတ္ပြဲေတာ္ကိုလည္း မဆင္ႏြဲတာ ျဖစ္လာႏိုင္တယ္လို႔ ေျပာလိုက္ပါတယ္။

ႏွစ္စဥ္ လူ ၂ သန္းေလာက္ လာၾကည့္တဲ့ ျပင္သစ္ႏိုင္ငံ Strasbourg ၿမိဳ႕က ခရစၥမတ္ေစ်းက သစ္ပင္မွာဆိုရင္လည္း အာဏာပိုင္ေတြက အခုႏွစ္မွာ စြမ္းအင္သုံးစြဲမႈကို ၁၀ % ေလွ်ာ့ခ်တဲ့အေနနဲ႔ မီးအနည္းအက်ဥ္းပဲ ထြန္းထားပါတယ္။

ဒါ့အျပင္ ပဲရစ္ၿမိဳ႕ နဲ႔ လန္ဒန္ၿမိဳ႕ေတြမွာဆိုရင္လည္း ခရစၥမတ္အားလပ္ရက္ မီးထြန္းပြဲေတာ္အခ်ိန္ကို အာဏာပိုင္ေတြက ကန႔္သတ္ထားသလို၊ စြမ္းအင္သိပ္မကုန္တဲ့ LED မီးလုံးေတြ နဲ႔ ျပန္ျပည့္ၿမဲစြမ္းအင္ေတြကို အသုံးျပဳထားပါတယ္။ လန္ဒန္ၿမိဳ႕က ေစ်းဝယ္စင္တာေတြနဲ႔ စည္ကားတဲ့ Oxford လမ္းမွာေတာ့ LED မီးလုံးေတြတပ္ဆင္ထားသလို၊ မညေန ၃ နာရီကေန ၁၁ နာရီအထိပဲ မီးထြန္းဖို႔ ကန႔္သတ္ၿပီးေတာ့ စြမ္းအင္ သုံးစြဲမႈကို ၃ ပုံ ၂ ပုံ ေလွ်ာ့ခ်သြားဖို႔ ေမွ်ာ္လင့္ေနပါတယ္။

==== Unicode ====

ရုရှားက ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်စစ်ကြောင့် ဥရောပတဝန်းမှာ စွမ်းအင်၊ လောင်စာ အခက်အခဲကြုံနေရတဲ့အချိန်မှာ၊ အခုလာမယ့် ဆောင်းရာသီ ခရစ္စမတ် အားလပ်ရက်ပွဲတော်ကာလအတွင်း မီးရောင်စုံတွေထွန်းပြီး ဆင်နွဲသင့် မနွဲသင့်ဆိုတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကြားမှာ ဝေခွဲမရ ဖြစ်နေပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်စရိတ်တွေ မြင့်တက်နေတဲ့အတွက် ခရစ္စမတ်ကာလကို စွမ်းအင်ချွေတာတဲ့အနေနဲ့ မီးတွေသိပ်မထွန်းပဲ နေမလား၊ ဒါမှမဟုတ် မီးတွေပုံမှန်အတိုင်း ထွန်းသွားမလားဆိုပြီး အကျပ်အတည်း တွေ့နေတာပါ။ တချို့ကလည်း လွန်ခဲ့တဲ့ ၂ နှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် ကောင်းကောင်းမဆင်နွှဲလိုက်ရတာကို တွန်းလှန်အံတုပြီး ဆောင်းရာသီအားလပ်ရက်မှာ လူတွေစိတ်ပျော်ရွှင်အောင်လုပ်ဖို့ ဆန္ဒရှိတဲ့သူတွေလည်း ရှိနေပြီး၊ စပိန်နိုင်ငံ ဂရာနာဒါးမြို့ခံတဦးကတော့ မီးတွေမထွန်းဘူးဆိုရင်တော့ ခရစ္စမတ်ပွဲတော်ကိုလည်း မဆင်နွဲတာ ဖြစ်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

နှစ်စဉ် လူ ၂ သန်းလောက် လာကြည့်တဲ့ ပြင်သစ်နိုင်ငံ Strasbourg မြို့က ခရစ္စမတ်ဈေးက သစ်ပင်မှာဆိုရင်လည်း အာဏာပိုင်တွေက အခုနှစ်မှာ စွမ်းအင်သုံးစွဲမှုကို ၁၀ % လျှော့ချတဲ့အနေနဲ့ မီးအနည်းအကျဉ်းပဲ ထွန်းထားပါတယ်။

ဒါ့အပြင် ပဲရစ်မြို့ နဲ့ လန်ဒန်မြို့တွေမှာဆိုရင်လည်း ခရစ္စမတ်အားလပ်ရက် မီးထွန်းပွဲတော်အချိန်ကို အာဏာပိုင်တွေက ကန့်သတ်ထားသလို၊ စွမ်းအင်သိပ်မကုန်တဲ့ LED မီးလုံးတွေ နဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေကို အသုံးပြုထားပါတယ်။ လန်ဒန်မြို့က ဈေးဝယ်စင်တာတွေနဲ့ စည်ကားတဲ့ Oxford လမ်းမှာတော့ LED မီးလုံးတွေတပ်ဆင်ထားသလို၊ မညနေ ၃ နာရီကနေ ၁၁ နာရီအထိပဲ မီးထွန်းဖို့ ကန့်သတ်ပြီးတော့ စွမ်းအင် သုံးစွဲမှုကို ၃ ပုံ ၂ ပုံ လျှော့ချသွားဖို့ မျှော်လင့်နေပါတယ်။

XS
SM
MD
LG