သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုတိုက်ခိုက်ခံရပြီးနောက် ပြင်သစ်နဲ့အီတလီ လုံခြုံရေးတိုးမြှင့်


IS အဖွဲ့က သူတို့လက်ချက်လို့ပြောထားတဲ့ မတ်လ ၂၃ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့စွန်က Crocus City Hall ကို ကယ်ဆယ်ရေးလုပ်သားတွေ ရှင်းလင်းနေစဥ်။ ( AP)
IS အဖွဲ့က သူတို့လက်ချက်လို့ပြောထားတဲ့ မတ်လ ၂၃ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့စွန်က Crocus City Hall ကို ကယ်ဆယ်ရေးလုပ်သားတွေ ရှင်းလင်းနေစဥ်။ ( AP)

ရုရှားနိုင်ငံ မော်စကိုမြို့က ဂီတဖျော်ဖြေရေးပွဲတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ သူတို့လက်ချက်ဖြစ်ကြောင်း IS တို့ကြေညာလိုက်ပြီးတဲ့နောက် ပြင်သစ်နိုင်ငံလိုပဲ ​အီတလီမှာလည်း လုံခြုံရေးအဆင့်ကို အလားတူတိုးမြှင့်လိုက်ပါတယ်။ မော်စကိုမြို့ကဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေများတဲ့ ဥရောပနိုင်ငံကို တပ်လှန့်နှိုးဆော်လိုက်တာလည်းဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံက သူ့ရဲ့လုံခြုံရေးအဆင့်ကို တနင်္ဂနွေနေ့မှာပဲ အမြင့်ဆုံး သတ်မှတ်လိုက်ပါတယ်။ အီတလီနိုင်ငံမှာလည်း တနင်္လာနေ့ကျင်းပတဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီအစည်းအဝေးမှာ လာမယ့်ရုံးပိတ်ရက်မှာကျရောက်မယ့် အီစတာပွဲတော်ရက်ရာသီအတွင်း လုံခြုံရေးကို တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ စောင့်ကြည့်ထောက်လှမ်းမှုကိုရော လုံခြုံရေးစစ်ဆေးမှုတွေကိုပါ တိုးမြင့်ဆောင်ရွက်မယ်လို့ အီတလီပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံမှာတော့ IS အစွန်းရောက်သမားတွေရဲ့ ခြိမ်းခြောက်မှု ရှိနေဆဲဖြစ်ပေမဲ့ အာဏာပိုင်တွေရဲ့ သုံးသပ်ဆန်းစစ်ချက်အရ မော်စကိုတိုက်ခိုက်မှုကြောင့် လုံခြုံရေးအဆင့်တွေ မပြောင်းလဲသေးပါဘူးလို့ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ ဆားဘီးယားနိုင်ငံမှာတော့ မြို့တော် Belgrade တဝိုက် စက်သေနတ်တွေနဲ့ လုံခြုံရေးအရာရှိတွေ ကင်းလှည့်နေတာကို တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG