သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ခုနှစ် ဒုက္ခသည် ၁ သန်းကျော် ဥရောပကို ဝင်ရောက်


၂၀၁၅ ခုနှစ်အတွင်း ဥရောပကို ဝင်ရောက်လာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၁ သန်းကျော်သွားပြီဖြစ်ပြီး၊ ဒါဟာဆိုရင် ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက အများဆုံး ဖြစ်တယ်လို့လည်း နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာအဖွဲ့ IOM က ပြောဆိုလိုက်ပါတယ်။

ဂျနီဗာအခြေစိုက် IOM အဖွဲ့ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ - ပုံမှန်မဟုတ်တဲ့ ကုန်းနဲ့ရေ လမ်းကြောင်းတွေကတဆင့် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက ရွှေ့ပြောင်းအခြေချသူ ၁ သန်း ၅ ထောင့် ၅၀၄ ယောက်ဟာ - ဥရောပကို ဝင်ရောက်ခဲ့ပြီး၊ ဒါဟာ ၂၀၁၄ ခုကစလို့ ၄ ဆ တိုးလာတာလည်း ဖြစ်ပါတယ်။

အခုလိုမျိုး မမျှော်လင့်ဘဲ အလုံးအရင်းနဲ့ ဝင်ရောက်လာကြတဲ့ အခြေခံ အကြောင်းရင်း အများအပြား ရှိပေမဲ့ - အဓိကကတော့ ဆီးရီးယားနဲ့ အီရတ်က အများဆုံးလာကြတဲ့ အရှေ့အလယ်ပိုင်း ဒေသက ဒုက္ခသည်တွေရဲ့ အနေအထား ပြောင်းလဲမှုဖြစ်ပြီး၊ သူတို့တွေဟာ ယာယီခိုလှုံနေကြရတဲ့ တူရကီ၊ လက်ဘနွန်နဲ့ ဂျော်ဒန် တို့မှာ အကြောင်းကြောင်းကြောင့် ဆက်မနေနိုင်ကြတော့လို့ ဖြစ်တယ်လို့ ဆွစ်ဇာလန် အခြေစိုက် IOM ပြောခွင့်ရပုဂ္ဂိုလ် Joel Millman က ဗွီအိုအေကို ပြောပါတယ်။

ဥရောပကို ဒီနှစ်ထဲ ဝင်ရောက်လာသူတွေရဲ့ ထက်ဝက်လောက်ဟာ လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ရပြီး၊ သန်းနဲ့ချီ အိုးအိမ်စွန့်ခွာခဲ့ကြရတဲ့ ၅ နှစ်ကြာ စစ်ဒဏ်ခံနေရတဲ့ ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ နောက်ထပ်အများဆုံးကတော့ စစ်ဖြစ်နေတဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ် နိုင်ငံတို့က ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ ဂရိ၊ ဘူလ်ဂေးရီးယား၊ အီတလီ၊ စပိန်၊ မော့လ်တာနဲ့ ဆိုက်ပရပ်စ် နိုင်ငံတွေကို ၂၀၁၅ ခုနှစ်အတွင်း ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ကြတဲ့အထဲမှာ အများစုဖြစ်တဲ့ လူပေါင်း ၈ သိန်းလောက်ကတော့ ဂရိနိုင်ငံကို ရေကြောင်းကနေ ဝင်ရောက်ခဲ့ကြပါတယ်။ မြောက်အာဖရိကနဲ့ အီတလီကြား အန္တရာယ်များလှတဲ့ မြေထဲပင်လယ်ကို ကြိုးစားဖြတ်ကျော်ရင်း လူ ၃၆၀၀ လောက် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ကြရပါတယ်။

XS
SM
MD
LG