သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနဲ့ တခြားဒုက္ခသည်ဦးရေ တိုးပြီး အမေရိကန်လက်ခံမည်


ဆီးရီးယားဒုက္ခသည်များ
ဆီးရီးယားဒုက္ခသည်များ

ဥရောပတိုက်အတွင်းက တိုင်းပြည်တွေအနေနဲ့ နိုင်ငံအလိုက် ခွဲတမ်းနဲ့ ရွှေ့ပြောင်းဒုက္ခသည် ၁ သိန်း ၆ သောင်းအထိ လက်ခံပေးသွားဖို့ အစီအစဉ် ချမှတ်နေတဲ့အချိန်မှာပဲ ဆီးရီးယားနဲ့ တခြား ဒေသတွေက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုးမြှင့် လက်ခံသွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဆီးရီးယားနဲ့ ဥရောပတိုက်မှာ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် အမေရိကန် ပြည်ထောင်စုအနေနဲ့ အရေအတွက် ဘယ်လောက်အထိ လက်ခံနိုင်မလဲဆိုတာကို အလေးအနက်ထား စဉ်းစားနေကြောင်း လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံအပြီးမှာ နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။ အဲဒီကိစ္စကို အသေအချာ စိစစ်နေတယ်လို့လည်း ဝန်ကြီး ကယ်ရီက ပြောပါတယ်။

သမ္မတ Barack Obama အနေနဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုပေးဖို့ အရေးပါတဲ့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ John McCain က ဝန်ကြီးကယ်ရီနဲ့ တွေ့ဆုံအပြီး အထက်လွှတ်တော် စည်းဝေးပွဲမှာ ပြောကြားလိုက်ပါတယ်။

ဂရိနိုင်ငံကို ဦးတည်လာနေတဲ့ သူတို့ရဲ့ ရာဘာလှေ မှောက်သွားရာက မိခင်ဖြစ်သူနဲ့ ၅ နှစ်အရွယ် အကိုတို့နဲ့အတူ သေဆုံးသွားခဲ့တဲ့ အသက် ၃ နှစ်အရွယ် ဆီးရီးယားနိုင်ငံသား Alan Kurdi ရဲ့ ပုံကြီးချဲ့ထားတဲ့ အနီးကပ် ဓာတ်ပုံ နဘေးမှာရပ်ပြီး အထက်လွှတ်တော်အမတ် John McCain က ပြောလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုက ၂၀၁၃ ခုနှစ်အတွင်း ဒုက္ခသည်အများဆုံး လက်ခံခဲ့တဲ့ ထိပ်ဆုံး ၃ နိုင်ငံကတော့ အီရတ်နိုင်ငံက ၂၈% ၊ မြန်မာနိုင်ငံက ၂၃% ၊ ဘူတန်နိုင်ငံက ၁၃% တို့ဖြစ်ကြပြီး ဆီးရီးယားနိုင်ငံကတော့ အဆင့် ၂၆ မှာ ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG