သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပတလွှား ဆီးနှင်းထူ၍ အသွားအလာ ရပ်ဆိုင်း


ဥရောပတလွှား ဆီးနှင်းထူ၍ အသွားအလာ ရပ်ဆိုင်း
ဥရောပတလွှား ဆီးနှင်းထူ၍ အသွားအလာ ရပ်ဆိုင်း

ဗြိတိန်နိုင်ငံက လေယာဉ်ကွင်းတွေက ရေခဲတွေနဲ့ နှင်းတွေ ရှင်းလင်းရာမှာ ကူညီဖို့အတွက် တပ်တွေကို အသုံးပြုဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က ကမ်းလှမ်းလိုက်ပါတယ်။

ခရီးစဉ်တွေ နှောင့်နှေးခဲ့ရတဲ့အတွက် စိတ်ဆိုးနေကြတဲ့ ခရီးသည်တွေဟာ ရက်အားရက်မှာ အိမ်ပြန်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ အခုလို ရာသီဥတု ဆိုးရွားမှုနဲ့ ကြုံခဲ့ရတာပါ။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး ရေခဲနဲ့ ဆီးနှင်းတွေ ကျခဲ့ရတာကြောင့် ဟိသရိုး လေဆိပ်မှာ မလွှဲမရှောင်သာ နှောင့်နှေးမှု ဖြစ်ခဲ့ရပါတယ်လို့ မစ္စတာ ကမ်မရွန်းက အင်္ဂါနေ့က ပြောပါတယ်။

ပုံမှန်ပျံသန်းတဲ့ ခရီးစဉ်တွေရဲ့ သုံးပုံတပုံပဲ ပျံသန်းနိုင်တယ်လို့ ဥရောပမှာ အသွားအလာ အများဆုံးဖြစ်တဲ့ ဟိသရိုးလေဆိပ်က ဆိုပါတယ်။ အင်္ဂါနေ့ညမှာ ဒုတိယ လေယာဉ်ပြေးလမ်းကို ပြန်ဖွင့်နိုင်ပါလိမ့်မယ်လို့ မစ္စတာ ကမ်မရွန်းက ပြောပါတယ်။

အခုလို နှောင့်နှေးမှုတွေ ကြုံနေရတဲ့အတွက် မြန်နှုန်းမြင့်ရထား ယူရိုစတားကလည်း ခရီးသည်တွေကို သူတို့ခရီးစဉ် ဖျက်ပေးဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ ပြောနေပါတယ်။ ငွေပြန်အမ်းမှာဖြစ်သလို လက်မှတ်တွေလည်း အခကြေးငွေ မယူဘဲ ပြန်လဲလှယ်ပေးမယ်လို့ ယူရိုစတားက ဆိုပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာတော့ လေကြောင်းဘက်ဆိုင်ရာ အမှုထမ်းတွေက လေယာဉ်ခရီးစဉ်တွေ ပြန်ပြီး ပုံမှန် ပျံသန်းနိုင်အောင် ကြိုးစားနေကြပါတယ်။ ချားလ်စ်ဒီဂေါ လေဆိပ်မှာ ခရီးသည် ထောင်ပေါင်းများစွာဟာ တနင်္ဂနွေနေ့ကတည်းက သောင်တင်နေခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG