သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုဂိုဏ်း ဥရောပမှာနှိမ်နင်း


ပြင်သစ်နိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လူကုန်ကူးနေတဲ့ ဂိုဏ်းကြီးတခုကို ဖြိုခွဲခဲ့တဲ့ စစ်ဆင်ရေးအတွင်း လူပေါင်း ၇၅ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စပိန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

လူပေါင်း ၅၁ ယောက်ကို စပိန်နိုင်ငံအတွင်းမှာ ဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့က ပြောပါတယ်။ တခြား ၂၄ ယောက်ကိုတော့ ပြင်သစ်နိုင်ငံထဲမှာ ပြီးခဲ့တဲ့ဇွန်လအတွင်း ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုဖမ်းဆီး ရမိလိုက်သူတွေထဲမှာ ဘာစီလိုးနားမှာ အခြေစိုက်တဲ့ လူကုန်ကူးကွန်ယက် အဖွဲ့ကို စီစဉ်ကြိုးကိုင်နေသူ ၂ ဦးပါဝင်ပါတယ်။

ဖမ်းဆီးရရှိထားတဲ့ သံသယရှိသူတွေအားလုံးဟာ အာရှတိုက်သားတွေ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ လူကုန်ကူးသူတွေဟာ အမေရိကန်ဒေါ်လာ ၅ သောင်း ၃ ထောင် ကနေ ၆ သောင်း ၆ ထောင်အထိ ဆောင်ရွက်ခ အခကြေးငွေ ယူပြီး စာရွက်စာတမ်း အတုတွေ ပြုလုပ်ကာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ တိုင်းပြည်တွေကို ပို့ဆောင်ပေးနေကြတာဖြစ်ကြောင်း အာဏာပိုင်တွေကပြောပါတယ်။

အခုစစ်ဆင်ရေးကြီး ပြုလုပ်နိုင်ဖို့အတွက် ၂ နှစ်ကြာအောင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
XS
SM
MD
LG