ယူကရိန်းကို အမေရိကန်က စစ်ရေးထောက်ပံ့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် ဥရောပ ခေါင်းဆောင်တွေဟာ ရုရှားအန္တရာယ်ကနေ ဥရောပကိုကာကွယ်ရေး ခြေလှမ်းတွေ ဆွေးနွေးဖို့အတွက် ကြာသပတေးနေ့ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံကြပါမယ်။
"တကယ့်ကို ဥရောပလုံခြုံရေး ခြိမ်းခြောက်ခံနေရသလား ဒါမှမဟုတ် ကိုယ့်လုံခြုံရေးတာဝန်ကို ဥရောပက ပိုထမ်းသင့်သလား ဆိုတဲ့မေးခွန်း မရှိတော့ပါဘူး" လို့ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen က ပြောပါတယ်။
၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေအတွက် ဘီလီယံ ၈၄၀ တန်ဖိုးရှိ ဘက်ပေါင်းစုံ ကာကွယ်ရေးအစီအစဥ်ကို ချပြရာမှာ ခုလို ပြောလိုက်တာပါ။
အဖွဲ့ဝင် နိုင်ငံတချို့မှာ အစိုးရအဖွဲ့ နဲ့ စီးပွါးရေးက မခိုင်မာတာ၊ လူထုက သံသယများနေတာ၊ လက်ျာစွန်းနိုင်ငံရေးက တက်လာနေပြီး ရုရှားဘက် ညွတ်နေတာတွေက စိန်ခေါ်ချက်တွေ ဖြစ်နေပါတယ်။ အခြေအနေက လိုအပ်နေတဲ့အတိုင်း ပြတ်ပြတ်သားသားလုပ်ဖို့ ပြင်ဆင်ထားသလား၊ လိုအပ်ချက်အတိုင်း ရည်မှန်းချက်ကြီးကြီး အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်နိုင်စွမ်းဖို့ အဆင်သင့် ဖြစ်နေသလား ဆိုတာက ရင်ဆိုင်နေရတဲ့ မေးခွန်းဖြစ်တယ်" လို့ von der Leyen က ပြောပါတယ်။
ပြင်သစ်နိုင်ငံရဲ့ နျူးကလီယားလက်နက်နဲ့ ဟန့်တားနိုင်စွမ်းရည်ကို အခြား ဥရောပတိုင်းပြည်တွေအထိ တိုးချဲ့ဖို့ ပြင်သစ်သမ္မတ Emmanuel Macron က အကြံပြုထားပါတယ်။
Forum