သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေထဲပင်လယ်အတွင်း ရေကြောင်းစစ်ဆင်ရေး အီးယူ မကြာခင်စတင်မည်


အီတလီနဲ့ ပြင်သစ်ရေတပ်က လစ်ဗျားနိုင်ငံနားက ရေပိုင်နက်ကနေ ကယ်တင်ထားရတဲ့ ရွှေ့ပြောင်းအခြေချသူ ၃ ထောင်ကျော် အီတလီတောင်းပိုင်းက Lampedusa ဆိပ်ကမ်းကို ရောက်လာစဉ်။ (မေ ၂၊ ၂၀၁၅)
အီတလီနဲ့ ပြင်သစ်ရေတပ်က လစ်ဗျားနိုင်ငံနားက ရေပိုင်နက်ကနေ ကယ်တင်ထားရတဲ့ ရွှေ့ပြောင်းအခြေချသူ ၃ ထောင်ကျော် အီတလီတောင်းပိုင်းက Lampedusa ဆိပ်ကမ်းကို ရောက်လာစဉ်။ (မေ ၂၊ ၂၀၁၅)

မြေထဲပင်လယ်ထဲမှာ ရေကြောင်းစစ်ဆင်ရေး အသစ်ကို နောက်လထဲမှာ အကောင်အထည်ဖေါ်နိုင်မယ်လို့ သူ့အနေနဲ့ယုံကြည်ကြောင်း ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini ကပြောလိုက်ပါတယ်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲအပြီးမှာ သူကအဲဒီလိုပြောဆိုလိုက်တာပါ။

ဒီစစ်ဆင်ရေးကို အရေးပေါ်လုပ်ဆောင်ဖို့ ခိုင်မာတဲ့အကြောင်းအရာတွေရှိနေတယ်လို့လည်းဆိုပါတယ်။ နောက်လ ဇွန်ဟာ နွေရာသီရဲ့အစဖြစ်နေပြီး စစ်ဆင်ရေးအတွက် ရာသီဥတုဟာအရေးပါတယ်လို့ Federica Mogherini ကပြောပါတယ်။ နွေရာသီရောက်လာပြီဆိုရင် လူတွေပိုပြီးခရီးထွက်လာ တော့မှာဖြစ်တဲ့အတွက် ဒီစစ်ဆင်ရေးကို တတ်နိုင်သမျှအမြန်ဆုံး အဆင်သင့် ဖြစ်ထားစေချင်တယ်လို့ သူကဆိုပါတယ်။

လစ်ဗျားနိုင်ငံပင်လယ်ကမ်းခြေက လူမှောင်ခိုကူးသူတွေရဲ့စက်လှေတွေကို ဖမ်းဆီးပြီး ဖျက်ဆီးပစ်ဖို့ ဒီစစ်ဆင်ရေးက ရည်ရွယ်ထားတာပါ။ ဒီအတွက် ကုလသမဂ္ဂရဲ့ခွင့်ပြုချက်ရဖို့ ဥရောပသမဂ္ဂက ကြိုးစားနေပါတယ်။ ဒါအပြင် ဒီစစ်ဆင်ရေးမှာ လစ်ဗျား အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အရေးယူကိုင်တွယ်မှုတွေ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း Federica Mogherini က ပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ အစည်းအဝေးကို နေတိုးမဟာမိတ် အတွင်းရေးမှုးချုပ် Jens Stoltenberg လည်း တက်ရောက်ခဲ့ပြီး - လစ်ဗျားနဲ့ တခြားဒေသတွင်းမှာ လှုပ်ရှားနေကြတဲ့ အစွန်းရောက်အဖွဲ့အစည်းတွေဟာ ဒီ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ပြဿနာ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG