ဥရောပသမဂ္ဂ EU နဲ့ မြန်မာနိုင်ငံက အဆင့်မြင့် တာဝန်ရှိသူတွေကိုယ်တိုင် တက်ရောက်တဲ့ ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကျင်းပခဲ့ကြပြီးတဲ့နောက် စီးပွားရေးမိတ်ဖက်အဖြစ် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် EU ဘက်ကနေ အကူအညီ အထောက်အပံ့ ပေးမယ့် အစီအစဉ်တွေကိုလည်း ကြေညာခဲ့ပါတယ်။ အီးယူ-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ စီးပွားရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့သူတစ်ဦးဖြစ်တဲ့ စီးပွားရေးသုတေသီ ဦးခင်မောင်ညို (ခင်မောင်ညို - ဘောဂဗေဒ) ကို ဆက်သွယ် မေးမြန်းပြီးတော့ ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
မြန်မာ့စီးပွားရေး တိုးတက်ဖို့ ဥရောပအကူအညီ
