သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပပါလီမန် ကိုယ်စားလှယ် ရွေးကောက်ပွဲတွေစတင်


ဥရောပပါလီမန် ရွေးကောက်ပွဲအတွက် အဖွဲ့ဝင်နိုင်ငံ ၂၀ က မဲရုံတွေမှာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ မဲပေးနေကြပါပြီ။ ဒီရွေးကောက်ပွဲက အီးယူရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လက်ယာဘက် ယိမ်းသွားစေနိုင်ပြီး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ကုန်သွယ်ရေးအုပ်စုကြီးရဲ့ အနာဂတ်ကိုလည်း လက်ရှိ အခြေအနေကနေ လမ်းကြောင်းပြောင်းသွားစေနိုင်ပါတယ်။

ဥရောပပါလီမန် အမတ်နေရာ ၇၂၀ အတွက် မဲပေးနေကြတာမှာ မဲဆန္ဒရှင်တွေအနေနဲ့ ယူကရိန်းစစ်ပွဲ၊ ရွေ့ပြောင်းအခြေချ နေထိုင်သူများအရေး၊ ဥတုရာသီပြောင်းလဲမှုရဲ့ လယ်သမားတွေအပေါ် သက်ရောက်မှု စတဲ့အကြောင်းအရာတွေက ထိပ်တန်းကပါဝင်နေပါတယ်။

လူထုစစ်တမ်းတွေအရကတော့ ဥရောပသမဂ္ဂကို လိုလားတဲ့ ပါတီတွေက လက်ရှိအတိုင်း အများစု ဆက်အနိုင်ရဖို့ရှိနေပေမယ့် နယ်သာလန်နိုင်ငံက Geert Wilders နဲ့ ပြင်သစ်က Marine Le Pen တို့ ဦးဆောင်တဲ့ လက်ယာစွန်းအုပ်စုတွေက အရင်ကထက်ပိုပြီး ဒီရွေးကောက်ပွဲမှာ အနိုင်ရမှု များလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အဲဒီလို ဖြစ်ခဲ့ရင် အီးယူအနေနဲ့ ဥပဒေပြုရေးကိစ္စတွေနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

အီးယူအမတ်တွေဟာ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကနေ ဥတုရာသီပြောင်းလဲမှုအထိ ဆုံးဖြတ်ချက်တွေ ချပိုင်ခွင့်ရှိပါတယ်။ အီးယူအမတ်တွေအနေနဲ့ အခြေခံအဆောက်အဦးဆိုင်ရာ စီမံကိန်းတွေ၊ လယ်သမားတွေကို အမတော်ကြေးပေးရေးကိစ္စ၊ ယူကရိန်းကို အကူအညီပေးရေးစတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေအပြင် ဩဇာကြီးတဲ့ ဥရောပကော်မရှင်အတွက် ခန့်အပ်တာဝန်ပေးဖို့ကိုလည်း ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG