သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူဆွေးနွေးပွဲ အကြမ်းဖက်ခြိမ်းခြောက်မှုကိစ္စ လွှမ်းမိုး


EU ကော်မရှင်ဌာနချုပ်ရုံးရှေ့မှာ လုံခြုံရေးယူနေတဲ့ ဘယ်လ်ဂျီယံတပ်ဖွဲ့ဝင်များ။
EU ကော်မရှင်ဌာနချုပ်ရုံးရှေ့မှာ လုံခြုံရေးယူနေတဲ့ ဘယ်လ်ဂျီယံတပ်ဖွဲ့ဝင်များ။

ပြင်သစ်နိုင်ငံမှာ လူအသေအပျောက်တွေဖြစ်ခဲ့တဲ့အထိ တိုက်ခိုက်မှုတွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ အကြမ်းဖက်သမားတွေအဖြစ် သံသယရှိသူတွေကို စီးနင်းနှိမ်နင်းမှုတွေ ပေါ်ပေါက်ခဲ့အပြီး ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြပါတယ်။ ထိပ်သီးညီလာခံတရပ် ရှေ့လထဲမကျင်းပမီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြိုအစည်းအဝေးအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနည်းလမ်းပေါင်းစုံကို ဆွေးနွေးကြမှာပါ။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ ဖော်ထုတ်နိုင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ဖို့ကြံစည်မှုကို နောက်ကွယ်ကနေ အဓိကစီစဉ်ခဲ့သူဟာ လွတ်မြောက်နေဆဲဖြစ်တဲ့အကြောင်း ဘယ်လ်ဂျီယံတရားရေးဝန်ကြီးက ပြောဆိုထားတဲ့ တချိန်တည်းမှာပဲ ဥရောပတလွှားမှာ လုံခြုံရေးအတွက် သတိထားဖို့လည်း တပ်လှန့်ထားဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုကို ကြိုးကိုင်ခဲ့သူအဖြစ် သံသယရှိသူဟာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ယူဆထားတဲ့ ဂရိနိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့ လူ ၄ ဦးထဲမှာလည်း မပါဘူးလို့ ဘယ်လ်ဂျီယံ တရားရေးဝန်ကြီး Koen Geens ကပြောပါတယ်။ ဘယ်လ်ဂျီယံ မီဒီယာတွေမှာတော့ အကြမ်းဖက်ဖို့ ကြံစည်သူအဖြစ် အလိုရှိနေသူဟာ Abdelhamid Abaaoud ဖြစ်တယ်လို့လည်း ဖော်ပြနေကြတာပါ။ အသက် ၂၇ နှစ်အရွယ် မော်ရိုကိုနွယ်ဖွား ဘယ်လ်ဂျီယံနိုင်ငံသားဟာ နိုင်ငံအရှေ့ပိုင်းက Verviers မြို့မှာရှိတဲ့ လျို့ဝှက် အစ္စလာမ် အစွန်းရောက်အဖွဲ့တဖွဲ့ကို ဦးဆောင်သူအဖြစ်နဲ့လည်း သံသယရှိနေကြပါတယ်။

ဒီအကြမ်းဖက်အဖွဲ့က ရဲတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ ရှိနေချိန်မှာပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူတို့ခိုအောင်းရာ နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီး သံသယရှိသူ ၂ ဦး သေဆုံးခဲ့တာပါ။

XS
SM
MD
LG