သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်တပ်အတွက် Eurovision ဆု လေလံတင်ရောင်းချ


Eurovision ဂီတပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ "Kalush Orchestra" အဖွဲ့နဲ့ ယူကရိန်းစစ်တပ်အတွက် ရံပုံငွေရဖို့ လေလံပစ်ခဲ့တဲ့ သူတို့ရဲ့ မိုက်ရိုဖုန်းသလင်းကျောက်ဆု။ (မေ ၁၄၊ ၂၀၂၂)
Eurovision ဂီတပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ "Kalush Orchestra" အဖွဲ့နဲ့ ယူကရိန်းစစ်တပ်အတွက် ရံပုံငွေရဖို့ လေလံပစ်ခဲ့တဲ့ သူတို့ရဲ့ မိုက်ရိုဖုန်းသလင်းကျောက်ဆု။ (မေ ၁၄၊ ၂၀၂၂)


[[Zawgyi/Unicode]]

ဒီနှစ် Eurovision ဂီတပြိုင်ပွဲမှာအနိုင်ရတဲ့ ယူကရိန်းက Kalush Orchestra (ကာလုရှ် Orchestra) အဖွဲ့က သူတို့ရထားတဲ့ဆုကို ယူကရိန်းစစ်တပ်အတွက် ရန်ပုံငွေရှာဖို့ Facebook ပေါ်မှာ လေလံပစ်ခဲ့တာ ဒေါ်လာ ၉ သိန်းရရှိခဲ့ပါတယ်။

Crystal သလင်းကျောက်နဲ့လုပ်ထားတဲ့ microphone ပုံဆုကို WhiteBIT ဆိုတဲ့ ယူကရိန်း bitcoin company ကုမ္ပဏီက လေလံအောင်သွားတာဖြစ်ပါတယ်။ အနိုင်ရသူကို တနင်္ဂနွေနေ့က ကြေညာတဲ့ပွဲမှာ လေလံပစ်ခဲ့သူအားလုံးကို ကာလုရှ် Orchestra အဖွဲ့က ကျေးဇူးတင်ကြောင်းနဲ့ အထူးသဖြင့် ဒေါ်လာ ၉ သိန်းနဲ့ ဈေးအမြင့်ဆုံးပေးဝယ်တဲ့ WhiteBIT ကို အထူးကျေးဇူးတင်ကြောင်း Facebook ပေါ်မှာ ရေးသားခဲ့ပါတယ်။

လေလံပွဲက ရရှိတဲ့ ငွေတွေကို ယူကရိန်းစစ်တပ်အတွက် မောင်းသူမဲ့ Drone စနစ်တွေ ဝယ်ယူမှာဖြစ်တယ်လို့ Facebook လေလံပွဲမှာ အစီအစဉ်တင်ဆက်သူ TV အစီအစဉ်မှူးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်တပ်အတွက် Eurovision ဆု လေလံတင်ရောင်းချ
please wait

No media source currently available

0:00 0:00:28 0:00
တိုက်ရိုက် လင့်ခ်

=============
[[Unicode]]





=============

XS
SM
MD
LG