သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရိုဇုံဘဏ် အတိုးနှုန်းလျှော့


ECB ရဲ့ ဥက္ကဌ Mario Draghi။
ECB ရဲ့ ဥက္ကဌ Mario Draghi။

ဥရောပဇုံရဲ့ နောက်ကျကျန်နေခဲ့တဲ့ စီးပွားရေးကို ခိုင်မာ တောင့်တင်းလာစေဖို့ ကြိုးပမ်းချက် အသစ်အဖြစ် ဥရောပ ဗဟိုဘဏ် ECB က သူတို့ရဲ့ စံသတ်မှတ်ထားတဲ့ အတိုးနှုန်းတွေကို ဖြတ်တောက်လိုက်ပါတယ်။

ပြီးခဲ့တဲ့အချိန်တုံးက စံချိန်တင်အောင် လျှော့ချပေးခဲ့တဲ့ ဝ.၁၅ % ကနေ ဝ.၀၅ % ထပ်လျှော့ ပေးမှာ ဖြစ်တယ်လို့ ECB ရဲ့ ဥက္ကဌ Mario Draghi က ကြာသာပတေးနေ့မှာ ကြေညာလိုက်တာပါ။ နောက်ပြီး ဘဏ်ကနေ ပုဂ္ဂလိက ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို ဝယ်ယူမယ်လို့ လည်း ပြောပါတယ်။

မကြာခင်ကာလက ငွေဖေါင်းပွမှုအရမ်းနိမ့်ခဲ့တာဟာ မျှော်မှန်းထားတာထက် ပိုမိုကြာမြင့်နေခဲ့တာကြောင့် ၁၈ နိုင်ငံပါဝင်တဲ့ ဥရောပဇုံရဲ့ စီးပွားရေး နလံပြန်ထူလာမှုအပေါ် ထိခိုက်နိုင်တယ်လို့ သက်ဆိုင်သူတွေက စိုးရိမ်ပြီး အခုလို လုပ်ဆောင်တာဖြစ်မယ်လို့ စီးပွားရေး အကဲခတ်တွေက ရှုမြင်ကြပါတယ်။

ECB အနေနဲ့ အောက်တိုဘာလက စပြီး ငွေအရောင်းအဝယ် စာချုပ်တွေ ကို ဝယ်ယူမှာ ဖြစ်တယ်လို့လည်း ဘဏ် ဥက္ကဌကပြောပါတယ်။

အခုလို ငွေတိုးနှုန်းတွေ ဖြတ်တောက်မယ်ဆိုတဲ့ အတွက် တကမ္ဘာလုံးက စတော့ရှယ်ရာဈေးကွက် တွေမှာ သက်ရောက်မှုတွေ ရှိခဲ့ပြီး ယူရိုငွေရဲ့တန်ဖိုးဟာ ၁.၂၉၉၅ ဒေါ်လာအထိကျဆင်းသွားခဲ့ပါတယ်။

XS
SM
MD
LG