သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်းနိုင်း ကျွန်းဆွယ်က ဗြိတိန်နိုင်ငံသားတွေ ကယ်ထုတ်ရေး အီဂျစ်ဆိုင်းငံ့


အီဂျစ်နိုင်ငံ ဆိုင်နိုင်း ကျွန်းဆွယ်က ဗြိတိန်နိုင်ငံ သားတွေ ဗြိတိန်သံဝန်ထမ်းများ ကူညီ။ (နိုဝင်ဘာ ၆၊ ၂၀၁၅)
အီဂျစ်နိုင်ငံ ဆိုင်နိုင်း ကျွန်းဆွယ်က ဗြိတိန်နိုင်ငံ သားတွေ ဗြိတိန်သံဝန်ထမ်းများ ကူညီ။ (နိုဝင်ဘာ ၆၊ ၂၀၁၅)

အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်က အပန်းဖြေမြို့မှာ သောင်တင်နေတဲ့ ဗြိတိန်နိုင်ငံသား ထောင်နဲ့ချီကို ပြန်လည်ခေါ်ယူဖို့စီစဉ်ထားတဲ့ အစီအစဉ်ကို ဒီကနေ့မှာ ဆိုင်းငံ့ထားပါတယ်။ စစ်သွေးကြွတွေ ကြီးစိုးနေတဲ့ ဒေသမှာ ဗြိတိန်လေယာဉ်တွေ ဖြတ်ပျံသန်းခွင့်ကို အီဂျစ်ဖက်က ဆိုင်းငံ့အပြီး ဒီအစီအစဉ်ကို ရပ်ဆိုင်းထားတာပါ။

ဗြိတိန်လေကြောင်းလိုင်းတခုဖြစ်တဲ့ Easy Jet က နောက်ထပ်တိုးချဲ့ ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်း ခရီးစဉ် ၁၀ ခုထဲက ၂ ခုကိုသာ ဆိုင်းငံ့တာဖြစ်တယ်လို့ ပြောဆိုထားပြီး သူတို့အနေနဲ့ Sharm el-Sheikh လေဆိပ်ကို ပျံသန်းသွားနိုင်သလို အဲဒီကနေ မနက်ဖြန်မှာ ပြန်ထွက်ခွါနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့အပါတ်အတွင်းက ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ယူဆထားတဲ့ ရုရှားလေကြောင်းလိုင်းပိုင် လေယာဉ်တစီး ပျက်ကျပြီးနောက် လူပေါင်း ၂၂၄ ယောက်နဲ့ လေယာဉ်အမှုထမ်းတွေ သေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ်ကနေကော အဲဒီဒေသကနေ ထွက်ခွါလာမယ့် လေယာဉ်တွေ အားလုံးကို ဗုဒ္ဓဟူးနေ့မှာ ဗြိတိန်အာဏာပိုင်တွေက ရပ်ဆိုင်းခဲ့ပါတယ်။

ဒီအတောအတွင်း ရုရှားလေကြောင်းလိုင်းက အီဂျစ်နိုင်ငံကို သွားမယ့် လေယာဉ်ခရီးစဉ် အားလုံးကို ရုရှားသမ္မတဗလာဒီမီယာပူတင်က ရပ်ဆိုင်းခိုင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ အပါတ်အတွင်းက လေယာဉ်ဘာကြောင့် ပျက်ကျသွားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးခင်မှာ အခုလို ခရီးစဉ်တွေကို ရပ်နားထားခိုင်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG