သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ancelotti ကို အဲဗာတန်က နည်းပြခန့်


အဲဗာတန်နည်းပြသစ် Carlo Ancelotti. (ဓာတ်ပုံ - carloancelotti.it)
အဲဗာတန်နည်းပြသစ် Carlo Ancelotti. (ဓာတ်ပုံ - carloancelotti.it)

(Zawgyi / Unicode)

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်းတသင်းဖြစ်တဲ့ အဲဗာတန်က အီတလီနည်းပြ Carlo Ancelotti ကို နည်းပြအဖြစ်နဲ့ ခန့်လိုက်ပါတယ်။

အဲဗာတန်အသင်းက ဥရောပချန်ပီယံလိဂ်ဖလားကို နည်းပြအဖြစ်နဲ့ ၃ ကြိမ်ရဖူးတဲ့ Ancelotti ကို ၄ နှစ်ခွဲ စာချုပ်ချုပ်လိုက်တာဖြစ်တယ်လို့ ဒီကနေ့မှာ ကြေညာပါတယ်။ ဒါကြောင့် Ancelotti ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီအထိ အဲဗာတန်အသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

Ancelotti ဟာ နည်းပြအဖြစ်နဲ့ ဥရောပက နာမည်ကြီးအသင်းတွေဖြစ်တဲ့ အေစီမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ နာပိုလီ စတဲ့အသင်းတွေ အပြင် ချယ်လ်ဆီးအသင်းကိုလည်း ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဥရောပချန်ပီယံလိဂ်ဖလားကို အေစီမီလန်အသင်းနဲ့ ၂ ကြိမ် ရီးရဲလ်မက်ဒရစ်နဲ့ တကြိမ် ဗိုလ်စွဲဖူးတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အာဆင်နယ်အသင်းကလည်း သူတို့ရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ Mikel Arteta ကို နည်းပြအဖြစ်နဲ့ မနေ့က ခန့်လိုက်ပါတယ်။

မန်ချက်စတာစီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် လုပ်နေတဲ့ Mikel Arteta ဟာ အာဆင်နယ်အသင်းကို ပြန်လာရတဲ့အတွက် သူ့ရဲ့ မူလအိမ်ကို ပြန်လည်ရောက်ရှိသလို ခံစားရတယ်လို့ ပြောပါတယ်။

-----------------------------------

(Unicode)








Ancelotti ကို အဲဗာတန်က နည်းပြခန့်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG