ဒီကေန႔ တနဂၤေႏြေန႔မွာ ေ႐ြးခ်ယ္မယ့္ ေအာ္စကာအကယ္ဒမီ ဆုေပးပြဲမွာ "Everything Everywhere All at Once" စိတ္ကူးယဥ္ ဇာတ္ကားက အေကာင္းဆုံး ဇာတ္ကားဆုရဖို႔ ထိပ္ဆုံးမွာ ႐ွိေနပါတယ္။ အေကာင္းဆုံး ဇာတ္ကားဆု အပါအဝင္ ေအာ္စကာဆု ၁၁ ဆုအတြက္ အမည္စာရင္း တင္သြင္းခံထားရတာပါ။
အေကာင္းဆုံး ဇာတ္ကားဆု အမည္စာရင္း တင္သြင္းခံထားရတဲ့ ဇာတ္ကားေတြထဲက ေနာက္ထပ္ အလားအလာ႐ွိေနတာကေတာ့ Netflix ကုမၸဏီက ထုတ္လုပ္တဲ့ ပထမကမၻာ့စစ္ေနာက္ခံ ဂ်ာမန္စကားေျပာ All Quiet on the Western Front ဇာတ္ကား ျဖစ္ပါတယ္။ နာမည္ေက်ာ္ ေဟာလိဝုဒ္မင္းသား Tom Cruise သ႐ုပ္ေဆာင္တဲ့ “Top Gun: Maverick” ဇာတ္ကားဟာလည္း အေကာင္းဆုံး ဇာတ္ကားဆုစာရင္းမွာ ပါဝင္ပါတယ္။
အေကာင္းဆုံး အမ်ိဳးသမီး သ႐ုပ္ေဆာင္ဆုအတြက္ အမည္စာရင္း တင္သြင္းထားသူေတြထဲမွာေတာ့ "Everything Everywhere All at Once" ဇာတ္ကားက Michelle Yeoh နဲ႔ “Tar” ဇာတ္ကားက Cate Blanchett တို႔က ဦးေဆာင္ေနၾကတာပါ။ အေကာင္းဆုံး အမ်ိဳးသား သ႐ုပ္ေဆာင္ဆုအတြက္ အမည္စာရင္းမွာေတာ့ “Elvis” ဇာတ္ကားက Austin Butler, "The Whale” ဇာတ္ကားက Brendan Fraser, “The Banshees of Inisherin” ဇာတ္ကားက Colin Farrell တို႔ ပါဝင္ပါတယ္။
==== Unicode ====
ဒီကနေ့ တနင်္ဂနွေနေ့မှာ ရွေးချယ်မယ့် အော်စကာအကယ်ဒမီ ဆုပေးပွဲမှာ "Everything Everywhere All at Once" စိတ်ကူးယဉ် ဇာတ်ကားက အကောင်းဆုံး ဇာတ်ကားဆုရဖို့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အကောင်းဆုံး ဇာတ်ကားဆု အပါအဝင် အော်စကာဆု ၁၁ ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရတာပါ။
အကောင်းဆုံး ဇာတ်ကားဆု အမည်စာရင်း တင်သွင်းခံထားရတဲ့ ဇာတ်ကားတွေထဲက နောက်ထပ် အလားအလာရှိနေတာကတော့ Netflix ကုမ္ပဏီက ထုတ်လုပ်တဲ့ ပထမကမ္ဘာ့စစ်နောက်ခံ ဂျာမန်စကားပြော All Quiet on the Western Front ဇာတ်ကား ဖြစ်ပါတယ်။ နာမည်ကျော် ဟောလိဝုဒ်မင်းသား Tom Cruise သရုပ်ဆောင်တဲ့ “Top Gun: Maverick” ဇာတ်ကားဟာလည်း အကောင်းဆုံး ဇာတ်ကားဆုစာရင်းမှာ ပါဝင်ပါတယ်။
အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုအတွက် အမည်စာရင်း တင်သွင်းထားသူတွေထဲမှာတော့ "Everything Everywhere All at Once" ဇာတ်ကားက Michelle Yeoh နဲ့ “Tar” ဇာတ်ကားက Cate Blanchett တို့က ဦးဆောင်နေကြတာပါ။ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုအတွက် အမည်စာရင်းမှာတော့ “Elvis” ဇာတ်ကားက Austin Butler, "The Whale” ဇာတ်ကားက Brendan Fraser, “The Banshees of Inisherin” ဇာတ်ကားက Colin Farrell တို့ ပါဝင်ပါတယ်။