သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံရုံး အတိုက်ခံရမှု ထုတ်ပြန်ချက် CIA အကြီးအကဲဟောင်းကို စစ်ဆေး


 CIA အကြီးအကဲဟောင်း David Petraeus
CIA အကြီးအကဲဟောင်း David Petraeus
စက်တင်ဘာလ ၁၁ ရက်နေ့ က လစ်ဗျားနိုင်ငံရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို သမ္မတအိုဘားမားအစိုးရ ရဲ့ ကနဦးဖော်ပြချက်နဲ့ ပါတ်သက်ပြီး စီအိုင်အေ အကြီးအကဲဟောင်း David Petraeus ကို အောက်လွှတ်တော် နဲ့ ဆီးနိတ်လွှတ်တော်ကော်မတီ တို့က စစ်ဆေးခဲ့ကြပါတယ်။

ဒီဘန်ဂါဇီ (Benghazi) တိုက်ခိုက်မှုမှာ အကြမ်းဖက်သမားတွေ ပါဝင်တယ်ဆိုတာ သူအစကတည်းက ယူဆခဲ့ကြောင်း Petraeus က ထွက်ဆိုခဲ့တယ်လို့ ထောက်လှမ်းရေးကော်မတီဝင် အမတ်တွေက ဆိုပါတယ်။ ဒါပေမယ့် Petraeus အနေနဲ့ အဲ့ဒီအဖြစ်အပျက်ကို ပထမဦးဆုံး ဘယ်လို ဖော်ပြခဲ့သလဲ ဆိုတာကို မေးမြန်းခဲ့တယ်လို့ နိုင်ငံတော်လုံခြုံရေး ကော်မတီဥက္ကဌ Peter King ကဆိုပါတယ်။

တိုက်ခိုက်ခံရပြီးမကြာခင် ဒါဟာအကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်ကြောင်း Petraeus က ပြောတယ် ဆိုတာ သူမမှတ်မိဘူးလို့လည်း မစ္စတာ King ကဆိုပါတယ်။ သမ္မတအိုဘားမားအစိုးရ အနေနဲ့ နိုဝင်ဘာ ၆ရက် ရွေးကောက်ပွဲမတိုင်ခင် ကသိကအောက် မဖြစ်စေချင်လို့ အဖြစ်မှန်ကို ဖုန်းကွယ်ထားခဲ့သလားဆိုပြီးတော့ မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG