သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္းစ်ာပန စစ္ေကာင္စီဖိတ္တဲ့အေပၚ ေဝဖန္မႈေတြရွိ


ကြယ္လြန္သူ ဂ်ပန္၀န္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇို အာေဘး။

ကြယ္လြန္သူ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးရဲ႕ ႏိုင္ငံေတာ္စ်ာပန အခမ္းအနားကို တက္ေရာက္ဖို႔ တိုက်ိဳမွာရွိတဲ့ ျမန္မာသံ႐ုံးကို ဖိတ္ၾကားတဲ့အတြက္ ျမန္မာ သံ႐ုံးဝန္ထမ္းေဟာင္းတစ္ေယာက္က စေနေန႔က ေဝဖန္လိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန႔္က်င္ကန႔္ကြက္တဲ့အေနနဲ႔ အၾကမ္းမဖက္ ပူးေပါင္းေဆာင္႐ြက္ျခင္းမျပဳတဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္ခဲ့တဲ့အတြက္ ရာထူးက ဖယ္ရွားခံထားရတဲ့ သံတမန္ေဟာင္း ဦးေအာင္စိုးမိုးကို ေတြ႔ဆုံေမးျမန္းၿပီး The Japan Times သတင္းက ေတြ႔ဆုံေမးျမန္းထားတာပါ။

အေမရိကန္ ဒုတိယ သမၼတ Kamala Harris နဲ႔ Australia ဝန္ႀကီးခ်ဳပ္ Anthony Albanese တို႔လို ႏိုင္ငံျခားအစိုးရ ကိုယ္စားလွယ္ေတြနဲ႔အတူ ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးစိုးဟန္ကို တက္ေရာက္ခြင့္ျပဳတာဟာ စစ္ေကာင္စီနဲ႔ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ အာဏာသိမ္းမႈကို အသိအမွတ္ျပဳရာ ေရာက္တယ္လို႔ သံတမန္ေဟာင္း ဦးေအာင္စိုးမိုးက ေျပာပါတယ္။

“ဗိုလ္ခ်ဳပ္ႀကီးေတြက ႏိုင္ငံတကာ အသိုက္အဝန္းကေန တရားဝင္အသိအမွတ္ျပဳတာကို လိုခ်င္ၾကပါတယ္။ အာဏာသိမ္းလိုက္တာကို လက္ခံေစခ်င္ၾကပါတယ္” လို႔ ဦးေအာင္စိုးမိုးက ဆိုပါတယ္။

ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာေတြက စစ္တပ္က ဘယ္လိုလူကိုမွ မဖိတ္ၾကားေစလိုပါဘူးလို႔ သူက ေျပာပါတယ္။ ျမန္မာႏိုင္ငံသားအေတာ္မ်ားမ်ားက အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG) ကို ေထာက္ခံၾကတဲ့အတိုင္း၊ ႏိုင္ငံေတာ္စ်ာပနကို တက္ေရာက္ဖို႔ စစ္တပ္ကို ဖိတ္ၾကားတာဟာ ျမန္မာျပည္သူေတြအတြက္ေတာ့ မမွ်တာရာ ေရာက္တယ္လို႔လည္း ဦးေအာင္စိုးဦးက ယူဆပါတယ္။

ၿဗိတိန္ဘုရင္မႀကီးရဲ႕ စ်ာပနမွာ ျမန္မာကို မဖိတ္ၾကားတဲ့အတိုင္း ဂ်ပန္ကလည္း လုပ္ေဆာင္ဖို႔ သူက တိုက္တြန္းသြားပါတယ္။

=== Unicode ===

ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပန အခမ်းအနားကို တက်ရောက်ဖို့ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးကို ဖိတ်ကြားတဲ့အတွက် မြန်မာ သံရုံးဝန်ထမ်းဟောင်းတစ်ယောက်က စနေနေ့က ဝေဖန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အကြမ်းမဖက် ပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ရာထူးက ဖယ်ရှားခံထားရတဲ့ သံတမန်ဟောင်း ဦးအောင်စိုးမိုးကို တွေ့ဆုံမေးမြန်းပြီး The Japan Times သတင်းက တွေ့ဆုံမေးမြန်းထားတာပါ။

အမေရိကန် ဒုတိယ သမ္မတ Kamala Harris နဲ့ Australia ဝန်ကြီးချုပ် Anthony Albanese တို့လို နိုင်ငံခြားအစိုးရ ကိုယ်စားလှယ်တွေနဲ့အတူ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးဟန်ကို တက်ရောက်ခွင့်ပြုတာဟာ စစ်ကောင်စီနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို အသိအမှတ်ပြုရာ ရောက်တယ်လို့ သံတမန်ဟောင်း ဦးအောင်စိုးမိုးက ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးတွေက နိုင်ငံတကာ အသိုက်အဝန်းကနေ တရားဝင်အသိအမှတ်ပြုတာကို လိုချင်ကြပါတယ်။ အာဏာသိမ်းလိုက်တာကို လက်ခံစေချင်ကြပါတယ်” လို့ ဦးအောင်စိုးမိုးက ဆိုပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာတွေက စစ်တပ်က ဘယ်လိုလူကိုမှ မဖိတ်ကြားစေလိုပါဘူးလို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံသားအတော်များများက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ထောက်ခံကြတဲ့အတိုင်း၊ နိုင်ငံတော်ဈာပနကို တက်ရောက်ဖို့ စစ်တပ်ကို ဖိတ်ကြားတာဟာ မြန်မာပြည်သူတွေအတွက်တော့ မမျှတာရာ ရောက်တယ်လို့လည်း ဦးအောင်စိုးဦးက ယူဆပါတယ်။

ဗြိတိန်ဘုရင်မကြီးရဲ့ ဈာပနမှာ မြန်မာကို မဖိတ်ကြားတဲ့အတိုင်း ဂျပန်ကလည်း လုပ်ဆောင်ဖို့ သူက တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG