သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NUG အတြက္ ကန္ဘ႑ာေရးအကူအညီ ပြင့္လင္းျမင္သာစြာ အသုံးျပဳမည္


အေမရိကန္ လႊတ္ေတာ္ကအတည္ျပဳၿပီး သမၼတ Biden လက္မွတ္ေရးထိုးထားတဲ့ ၂၀၂၂ခုႏွစ္ အေမရိကန္ ဘ႑ာေရးအသုံးစာရိတ္မွာ NUG ကို ကူညီမယ့္ အပိုင္းနဲ႔ ပတ္သက္လို႔ အေမရိကန္ အစိုးရ အဆင့္ျမင့္အရာရွိေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ NUG ကိုယ္စားလွယ္အဖြဲ႕ ဝါရွင္တန္ဒီစီကို ေရာက္ရွိေနတာျဖစ္ပါတယ္။ သြားေရာက္ေတြ႕ဆုံ ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစုံတင္ျပမွာပါ။

NUG အတြက္ ကန္ဘ႑ာေရးအကူအညီ ပြင့္လင္းျမင္သာစြာ အသုံးျပဳမည္ (NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္း)

NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကို အေမရိကန္အစိုးရအေနနဲ႔ ဘ႑ာေရးအရကူညီမယ္လို႔ အတိအက် သတ္မွတ္ျပဌာန္းတာဟာ NUG ရဲ႕ ႏိုင္ငံတကာမွာ တရားဝင္မႈကို အသိအမွတ္ျပဳရာေရာက္ေၾကာင္း NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ဗြီအိုေအကိုေျပာပါတယ္။

အေမရိကန္ လႊတ္ေတာ္ကအတည္ျပဳၿပီး သမၼတ Biden လက္မွတ္ေရးထိုးထားတဲ့ ၂၀၂၂ခုႏွစ္ အေမရိကန္ ဘ႑ာေရးအသုံးစာရိတ္မွာ NUG ကို ကူညီမယ့္ အပိုင္းနဲ႔ ပတ္သက္လို႔ အေမရိကန္ အစိုးရ အဆင့္ျမင့္အရာရွိေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ NUG ကိုယ္စားလွယ္အဖြဲ႕ ဝါရွင္တန္ဒီစီကို ေရာက္ရွိေနတာျဖစ္ပါတယ္။ သြားေရာက္ေတြ႕ဆုံ ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစုံတင္ျပမွာပါ။

သီတင္းတပတ္ၾကာျမင့္မယ့္ NUG ကိုယ္စားလွယ္အဖြဲ႕ရဲ႕ အေမရိကန္ခရီးစဥ္အဓိကရည္႐ြယ္ခ်က္နဲ႔ ပတ္သက္လို႔ အဖြဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ဗြီအိုေအကို အခုလို ေျပာပါတယ္။

"အေမရိကန္အစိုးရအေနနဲ႔ က်ေနာ္တို႔ NUG NUCC EAOs တို႔ကို အကူအညီေပးမယ္လို႔ သူတို႔ တရား၀င္ထုတ္ေဖၚေျပာၾကားလာတယ္။ အဲဒါေတြနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔ လုပ္ငန္းေတြအေၾကာင္းရွင္းျပတာရယ္၊ ေနာက္ၿပီးေတာ့ NUG ဆိုတာဟာ ေတာ္လွန္ေရးအစိုးရတရပ္ျဖစ္ေပမယ့္ အနာဂတ္ဖယ္ဒရယ္ျပည္ေထာင္စု ထူေထာင္ဖို႔အတြက္ ပါ၀င္သင့္ပါ၀င္ထိုက္တဲ့သူေတြနဲ႔ ဘယ္လို လက္တဲြလုပ္ေဆာင္ေနသလဲ၊ ေရရွည္ရည္မွန္းခ်က္ေတြ ဘယ္လိုရွိသလဲ ဆိုတဲ့အေၾကာင္းေတြ ရွင္းရွင္းလင္းလင္းတင္ျပဖို႔ရယ္၊ ေနာက္ၿပီးေတာ့ အေမရိကန္အစိုးရအေနနဲ႔ စိုးရိမ္ပူပန္တယ္လို႔ ေျပာေနတာထက္ ထိေရာက္တဲ့ လုပ္ေဆာင္မႈေတြရွိလာတယ္။ ဒါေတြကို NUG အေနနဲ႔ ဘယ္လို ပူးတဲြလုပ္ေဆာင္မလဲ စတာေတြမွာပြင့္ပြင့္လင္းလင္းေဆြးေႏြးတင္ျပႏိုင္ဖို႔ စတာေတြက အဓိကရည္ရြယ္ခ်က္ေတြျဖစ္ပါတယ္။"

ဒါအျပင္ အေမရိကန္အစိုးရရဲ႕ အသံုးစရိတ္ဘတ္ဂ်က္မွာ NUG ကို ထည့္သြင္းေဖၚျပျခင္းအားျဖင့္ ႏိုင္ငံတကာမွာ NUG ရဲ႕တရား၀င္မႈရရွိေရးကို အေမရိကန္အစိုးရကအသိအမွတ္ျပဳတာျဖစ္ၿပီး နယ္စပ္ေဒသက လူသားခ်င္းစာနာမႈအကူအညီေတြလိုအပ္ေနသူေတြဆီကိုလည္း တိုက္ရိုက္ေရာက္ႏိုင္ေအာင္ ပံ့ပိုးေပးရာေရာက္တယ္လို႔ ဦးေအာင္မ်ဳိးမင္းက ဆိုပါတယ္။

"အခု အေမရိကန္အစုိးရက NUG NUCC နဲ႔ EAO တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြကို ကူညီမယ္လို႔ ေျပာၾကားျခင္းက က်ေနာ္တို႔ လႈပ္ရွားမႈေရာ၊ က်ေနာ္တို႔ အဖြဲ႕အစည္းေတြကိုေရာ တရား၀င္အသိအမွတ္ျပဳရာ တပိုင္းေရာက္သြားပါၿပီ။ အစိုးရကဲ့သို႔ ဆက္ဆံၿပီးေတာ့ လုပ္ေဆာင္တာ၊ အဲလိုေနရာမွာေတာ့ သူတို႔ ေပၚလစီေတြကိုေတာ့ ေျပာင္းလဲ လုပ္ေဆာင္ဖို႔ လုိအပ္ေနပါတယ္။ အရင္တုန္းက ပံုစံမ်ဳိး လုပ္လုိ႔မရဘူးဆိုတဲ့ေနရာမွာ အခုကာလမွာလုပ္လို႔ရေအာင္ ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္တယ္။ ေနာက္တခုက ဒါမ်ဳိးေတြ လုပ္ေဆာင္ျခင္းအားျဖင့္ ျပည္တြင္းကေန ပတ္ၿပီးေတာ့ စစ္ေကာင္စီရဲ႕ ေႏွာင့္ယွက္မႈေတြကုိ ဖ်က္စရာမလိုပဲနဲ႔နယ္စပ္ေဒသမွာ တကယ္ဒုကၡေရာက္ေနတဲ့ ဒုကၡသည္ေတြကို ကူညီႏိုင္ဖို႔က လမ္းေၾကာင္းက ပိုၿပီးပြင့္သြားပါတယ္။"

အေမရိကန္အစိုးရ ဘတ္ဂ်က္ဥပေဒ “The Consolidated Appropriations Act 2022” မွာ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံအတြက္ ဒီမိုကေရစီေရးနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေပးဖို႔ ေဒၚလာ ၁၃၆ သန္း ခ်မွတ္ထားတာပါ။ NUG၊ NUCC၊ CRPH၊ CDM နဲ႔ EAO ေတြကိုေပးမယ့္ ဘ႑ာေရးအပိုင္းမွာေတာ့ လက္နက္ကိုင္လႈပ္ရွားမႈေတြနဲ႔ လံုး၀ပတ္သက္မႈမရွိရဘူးလို႔ သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ တဖက္မွာလည္း NUG အစိုးရဟာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လက္နက္ကိုင္ေတာ္လွန္ေရးလုပ္ေနေတာ့ အခု အေမရိကန္က တရားဝင္ရမယ့္ အကူအညီကို ဘယ္လို ခဲြျခားသံုးစဲြမႈရွိမလဲဆိုတဲ့ ေမးခြန္းကိုေတာ့ ဦးေအာင္မ်ဳိးမင္းက အခုလိုတု႔ံျပန္ပါတယ္။

" အဲဒါကိုေတာ့ က်ေနာ္တို႔အတြက္ အထူးသတိထားရမွာပါ။ က်ေနာ္တို႔ အေနနဲ႔ လုပ္ႏိုင္တဲ့ အခန္းက႑တိုင္းမွာ က်ေနာ္တို႔ရေအာင္လုပ္ေဆာင္သြားမယ္။ တခ်ိန္တည္းမွာ သူတို႔ သတ္မွတ္ထားတဲ့အတိုင္းပဲ လုပ္လို႔မရဘူးဆိုရင္ေတာ့ က်ေနာ္တို႔သတိထား လုပ္ေဆာင္ရမွာပါ။ တဖက္မွာေတာ့ လက္နက္ကိုင္ေတာ္လွန္ေရးနဲ႔ ပတ္သက္လို႔ ကူညီႏိုင္တဲ့ အေထာက္အပံံ့ေတြကို ဆက္လက္ၿပီး ရွာရမွာျဖစ္ပါတယ္။"

သမၼတဘိုင္ဒန္အစိုးရသံုးစဲြမယ့္ ဘတ္ဂ်က္ေငြမွာ ျမန္မာအျပင္ ရုရွားက်ဴးေက်ာ္စစ္ကို ရင္ဆိုင္ေနရတဲ့ ယူကရိန္းႏိုင္ငံအတြက္လည္း ပါပါတယ္။ အထူးသျဖင့္ ယူကရိန္းႏိုင္ငံကို ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး ေထာက္ပံ့မွာျဖစ္သလို လက္နက္ပစၥည္းေတြလည္းပံ့ပိုးေပးေနတာျဖစ္ပါတယ္။ ဒီလိုအေျခအေနမ်ဳိးမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနတဲ့ NUG ဦးေဆာင္တဲ့ လႈပ္ရွားမႈေတြကို အေမရိကန္ကေရာ ပိုၿပီးကူညီဖို႔ရွိမလား။ ဒါမွမဟုတ္ ေလ်ာ့သြားဖို႔ရွိမလား။ ဒါနဲ႔ ပတ္သက္လို႔ ဦးေအာင္မ်ဳိးမင္းအျမင္ကေတာ့-

ဦးေအာင္မ်ဳိးမင္း။ ။ ကမၻာတခုလံုးကေတာ့ ယူကရိန္းကို အာရံုစိုက္ေနတာ အေသအခ်ာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ကမၻာ့မီဒီယာမွာလည္း သူတို႔ လႊမ္းခ်ဳံထားတယ္။ တခ်ိန္တည္းမွာလည္း ရုရွားနဲ႔ ျဖစ္ေနတဲ့ကိစၥက သူတို႔ေဒသတြင္းေရာ၊ ကမၻာ့ လံုၿခံဳေရးကိုပါ ထိခိုက္ေနတာသိတဲ့အတြက္ သူတို႔ အေပၚအာရံုစိုက္မႈက ျမန္မာထက္စာရင္ အမ်ားႀကီးရပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ေျပာေနတဲ့ကိစၥက ဒီရုရွားတပ္ေတြဟာ ယူကရိန္းကို က်ဴးေက်ာ္လုပ္ေဆာင္ေနသလို၊ က်ေနာ္တို႔ ျမန္မာျပည္မွာလည္း အၾကမ္းဖက္စစ္ေကာင္စီက ျပည္သူလူထုေတြရဲ႕ေက်းရြာ၊ၿမိဳ႕ေတြအကုန္လံုးကို ၀င္ေရာက္က်ဴးေက်ာ္ၿပီးေတာ့ ရက္ရက္စက္စက္သတ္ျဖတ္တာ။ က်ေနာ္တို႔က ပိုၿပီးဆိုးပါတယ္။ လူေတြကို တကယ့္ကို ေသြးေအးေအးနဲ႔ သတ္ျဖတ္တာ။ စစ္ပဲြမွာ သတ္ျဖတ္တာတင္မကပဲ လူေတြကို ရာဇ၀တ္မႈက်ဴးလြန္ၿပီးရက္ရက္စက္စက္သတ္ျဖတ္တာေတြရွိပါတယ္။ ဒါေၾကင့္ က်ေနာ္တို႔ ေျပာခ်င္တာက ယူကရိန္းလည္း လူသားပါပဲ။ ျမန္မာျပည္ကလူေတြလည္း လူသားပါပဲ။ က်ူးလြန္ေနတဲ့သူေတြကလည္း ေသြးဆာေနတဲ့သူေတြျဖစ္တယ္။ အဲေတာ့ ဘယ္လုိပဲျဖစ္ျဖစ္ ရာဇတ္၀တ္မႈက်ဴးလြန္ခံရသူေတြအေပၚ အားလံုး၀ိုင္း၀န္းေစာင့္ေရွာက္ဖို႔လိုအပ္သလို၊ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ က်ေနာ္တို႔ အျမန္ဆံုးတားဆီးဖို႔ လိုအပ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ NUG အတြက္ အေမရိကန္အစိုးက တရား၀င္ေထာက္ပံ့မယ့္ ေငြေၾကးကို ပြင့္လင္းထင္သာျမင္သာမႈရွိေအာင္ ဘယ္လို ေဆာင္ရြက္မလဲ။

ဦးေအာင္မ်ဳိးမင္း။ ။ က်ေနာ္တို႔ NUG မွာကေတာ့ ေငြေၾကးနဲ႔ပတ္သက္လို႔သိသာထင္ရွားစြာရယ္၊ တာ၀န္ခံမႈ၊ တာ၀န္ယူမႈ အျပည့္အ၀လုပ္ေဆာင္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔မွာ စာရင္းဇယားေတြရွိတယ္ဆိုတာ ေသခ်ာတယ္။ တခု ခ်ျပလို႔မရတာကေတာ့ ကာကြယ္ေရးနဲ႔ပတ္သက္လို႔ လက္နက္သံုးစဲြမႈအပိုင္းမွာေတာ့ ဘယ္ေလာက္သံုးစဲြသလဲဆိုတာ က်ေနာ္တို႔ ေျပာလို႔ရတယ္။ ဒါေပမယ့္ ဘယ္လိုသံုးစဲြသလဲဆိုတာ စစ္ေရးအရ၊ လံုၿခံဳေရးအရ ေျပာလို႔မရေသးတာ ဒါကိုေတာ့ သတိျပဳဖို႔ လိုအပ္ပါတယ္။ ဒါေပမဲ့ အခုေငြက က်ေနာ္တို႔ အမွန္တကယ္ရရွိလာမယ္ဆိုရင္ သူတို႔ကိုယ္တိုင္ကလည္း ေရာ့ႀကိဳက္သေလာက္သံုးဆိုၿပီး ေပးမွာ မဟုတ္ဘူး။ က်ေနာ္တို႔ဘက္ကလည္း ဘယ္လိုမ်ဳိး တာ၀န္ခံမႈရွိသလဲ၊ ဒီလိုစနစ္မ်ဳိးကို ေသခ်ာေအာင္ ဘယ္လိုလုပ္မလဲ၊ ဘယ္သူက ေစာင့္ၾကည့္မလဲဆိုတာ က်ေနာ္တို႔ သိသိသာသာထင္ထင္ရွားရွား တာ၀န္ယူရမွာျဖစ္သလို သိသင့္သိထိုက္တဲ့ဟာေတြကိုလည္း က်ေနာ္တို႔ခ်ျပမွာျဖစ္ပါတယ္။

NUG ကိုယ္စားလွယ္အဖဲြ႔ အေနနဲ႔ အေမရိကန္ႏိုင္ငံျခားေရးဌာန အဆင့္ျမင့္အရာရွိေတြနဲ႔ တနလၤာေန႔မွာ ေတြ႕ဆံုေဆြးေႏြးဖို႔ရွိေၾကာင္း NUG လူ႔အခြင့္အေရး၀န္ႀကီး ဦးေအာင္မ်ဳိးမင္က ဗီြအိုေအကိုေျပာပါတယ္။

-------------------

NUG အတွက် ကန်ဘဏ္ဍာရေးအကူအညီ ပွင့်လင်းမြင်သာစွာ အသုံးပြုမည် (NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း)

NUG အမျိုးသားညီညွတ်ရေးအစိုးရကို အမေရိကန်အစိုးရအနေနဲ့ ဘဏ္ဍာရေးအရကူညီမယ်လို့ အတိအကျ သတ်မှတ်ပြဌာန်းတာဟာ NUG ရဲ့ နိုင်ငံတကာမှာ တရားဝင်မှုကို အသိအမှတ်ပြုရာရောက်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။

အမေရိကန် လွှတ်တော်ကအတည်ပြုပြီး သမ္မတ Biden လက်မှတ်ရေးထိုးထားတဲ့ ၂၀၂၂ခုနှစ် အမေရိကန် ဘဏ္ဍာရေးအသုံးစာရိတ်မှာ NUG ကို ကူညီမယ့် အပိုင်းနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ NUG ကိုယ်စားလှယ်အဖွဲ့ ဝါရှင်တန်ဒီစီကို ရောက်ရှိနေတာဖြစ်ပါတယ်။ သွားရောက်တွေ့ဆုံ မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

သီတင်းတပတ်ကြာမြင့်မယ့် NUG ကိုယ်စားလှယ်အဖွဲ့ရဲ့ အမေရိကန်ခရီးစဉ်အဓိကရည်ရွယ်ချက်နဲ့ ပတ်သက်လို့ အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

"အမေရိကန်အစိုးရအနေနဲ့ ကျနော်တို့ NUG NUCC EAOs တို့ကို အကူအညီပေးမယ်လို့ သူတို့ တရားဝင်ထုတ်ဖေါ်ပြောကြားလာတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့ လုပ်ငန်းတွေအကြောင်းရှင်းပြတာရယ်၊ နောက်ပြီးတော့ NUG ဆိုတာဟာ တော်လှန်ရေးအစိုးရတရပ်ဖြစ်ပေမယ့် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အတွက် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေနဲ့ ဘယ်လို လက်တွဲလုပ်ဆောင်နေသလဲ၊ ရေရှည်ရည်မှန်းချက်တွေ ဘယ်လိုရှိသလဲ ဆိုတဲ့အကြောင်းတွေ ရှင်းရှင်းလင်းလင်းတင်ပြဖို့ရယ်၊ နောက်ပြီးတော့ အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်ပူပန်တယ်လို့ ပြောနေတာထက် ထိရောက်တဲ့ လုပ်ဆောင်မှုတွေရှိလာတယ်။ ဒါတွေကို NUG အနေနဲ့ ဘယ်လို ပူးတွဲလုပ်ဆောင်မလဲ စတာတွေမှာပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြနိုင်ဖို့ စတာတွေက အဓိကရည်ရွယ်ချက်တွေဖြစ်ပါတယ်။"

ဒါအပြင် အမေရိကန်အစိုးရရဲ့ အသုံးစရိတ်ဘတ်ဂျက်မှာ NUG ကို ထည့်သွင်းဖေါ်ပြခြင်းအားဖြင့် နိုင်ငံတကာမှာ NUG ရဲ့တရားဝင်မှုရရှိရေးကို အမေရိကန်အစိုးရကအသိအမှတ်ပြုတာဖြစ်ပြီး နယ်စပ်ဒေသက လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေသူတွေဆီကိုလည်း တိုက်ရိုက်ရောက်နိုင်အောင် ပံ့ပိုးပေးရာရောက်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

"အခု အမေရိကန်အစိုးရက NUG NUCC နဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကူညီမယ်လို့ ပြောကြားခြင်းက ကျနော်တို့ လှုပ်ရှားမှုရော၊ ကျနော်တို့ အဖွဲ့အစည်းတွေကိုရော တရားဝင်အသိအမှတ်ပြုရာ တပိုင်းရောက်သွားပါပြီ။ အစိုးရကဲ့သို့ ဆက်ဆံပြီးတော့ လုပ်ဆောင်တာ၊ အဲလိုနေရာမှာတော့ သူတို့ ပေါ်လစီတွေကိုတော့ ပြောင်းလဲ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ အရင်တုန်းက ပုံစံမျိုး လုပ်လို့မရဘူးဆိုတဲ့နေရာမှာ အခုကာလမှာလုပ်လို့ရအောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ နောက်တခုက ဒါမျိုးတွေ လုပ်ဆောင်ခြင်းအားဖြင့် ပြည်တွင်းကနေ ပတ်ပြီးတော့ စစ်ကောင်စီရဲ့ နှောင့်ယှက်မှုတွေကို ဖျက်စရာမလိုပဲနဲ့နယ်စပ်ဒေသမှာ တကယ်ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့က လမ်းကြောင်းက ပိုပြီးပွင့်သွားပါတယ်။"

အမေရိကန်အစိုးရ ဘတ်ဂျက်ဥပဒေ “The Consolidated Appropriations Act 2022” မှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးဖို့ ဒေါ်လာ ၁၃၆ သန်း ချမှတ်ထားတာပါ။ NUG၊ NUCC၊ CRPH၊ CDM နဲ့ EAO တွေကိုပေးမယ့် ဘဏ္ဍာရေးအပိုင်းမှာတော့ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ လုံးဝပတ်သက်မှုမရှိရဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် တဖက်မှာလည်း NUG အစိုးရဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတော့ အခု အမေရိကန်က တရားဝင်ရမယ့် အကူအညီကို ဘယ်လို ခွဲခြားသုံးစွဲမှုရှိမလဲဆိုတဲ့ မေးခွန်းကိုတော့ ဦးအောင်မျိုးမင်းက အခုလိုတုံ့ပြန်ပါတယ်။

" အဲဒါကိုတော့ ကျနော်တို့အတွက် အထူးသတိထားရမှာပါ။ ကျနော်တို့ အနေနဲ့ လုပ်နိုင်တဲ့ အခန်းကဏ္ဍတိုင်းမှာ ကျနော်တို့ရအောင်လုပ်ဆောင်သွားမယ်။ တချိန်တည်းမှာ သူတို့ သတ်မှတ်ထားတဲ့အတိုင်းပဲ လုပ်လို့မရဘူးဆိုရင်တော့ ကျနော်တို့သတိထား လုပ်ဆောင်ရမှာပါ။ တဖက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်လို့ ကူညီနိုင်တဲ့ အထောက်အပံံ့တွေကို ဆက်လက်ပြီး ရှာရမှာဖြစ်ပါတယ်။"

သမ္မတဘိုင်ဒန်အစိုးရသုံးစွဲမယ့် ဘတ်ဂျက်ငွေမှာ မြန်မာအပြင် ရုရှားကျူးကျော်စစ်ကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအတွက်လည်း ပါပါတယ်။ အထူးသဖြင့် ယူကရိန်းနိုင်ငံကို ဒေါ်လာ ဘီလီယံနဲ့ချီပြီး ထောက်ပံ့မှာဖြစ်သလို လက်နက်ပစ္စည်းတွေလည်းပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ NUG ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို အမေရိကန်ကရော ပိုပြီးကူညီဖို့ရှိမလား။ ဒါမှမဟုတ် လျော့သွားဖို့ရှိမလား။ ဒါနဲ့ ပတ်သက်လို့ ဦးအောင်မျိုးမင်းအမြင်ကတော့-

ဦးအောင်မျိုးမင်း။ ။ ကမ္ဘာတခုလုံးကတော့ ယူကရိန်းကို အာရုံစိုက်နေတာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့မီဒီယာမှာလည်း သူတို့ လွှမ်းချုံထားတယ်။ တချိန်တည်းမှာလည်း ရုရှားနဲ့ ဖြစ်နေတဲ့ကိစ္စက သူတို့ဒေသတွင်းရော၊ ကမ္ဘာ့ လုံခြုံရေးကိုပါ ထိခိုက်နေတာသိတဲ့အတွက် သူတို့ အပေါ်အာရုံစိုက်မှုက မြန်မာထက်စာရင် အများကြီးရပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြောနေတဲ့ကိစ္စက ဒီရုရှားတပ်တွေဟာ ယူကရိန်းကို ကျူးကျော်လုပ်ဆောင်နေသလို၊ ကျနော်တို့ မြန်မာပြည်မှာလည်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုတွေရဲ့ကျေးရွာ၊မြို့တွေအကုန်လုံးကို ဝင်ရောက်ကျူးကျော်ပြီးတော့ ရက်ရက်စက်စက်သတ်ဖြတ်တာ။ ကျနော်တို့က ပိုပြီးဆိုးပါတယ်။ လူတွေကို တကယ့်ကို သွေးအေးအေးနဲ့ သတ်ဖြတ်တာ။ စစ်ပွဲမှာ သတ်ဖြတ်တာတင်မကပဲ လူတွေကို ရာဇဝတ်မှုကျူးလွန်ပြီးရက်ရက်စက်စက်သတ်ဖြတ်တာတွေရှိပါတယ်။ ဒါကြေင့် ကျနော်တို့ ပြောချင်တာက ယူကရိန်းလည်း လူသားပါပဲ။ မြန်မာပြည်ကလူတွေလည်း လူသားပါပဲ။ ကျူးလွန်နေတဲ့သူတွေကလည်း သွေးဆာနေတဲ့သူတွေဖြစ်တယ်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ရာဇတ်ဝတ်မှုကျူးလွန်ခံရသူတွေအပေါ် အားလုံးဝိုင်းဝန်းစောင့်ရှောက်ဖို့လိုအပ်သလို၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျနော်တို့ အမြန်ဆုံးတားဆီးဖို့ လိုအပ်ပါတယ်။

အင်ကြင်းနိုင်။ ။ NUG အတွက် အမေရိကန်အစိုးက တရားဝင်ထောက်ပံ့မယ့် ငွေကြေးကို ပွင့်လင်းထင်သာမြင်သာမှုရှိအောင် ဘယ်လို ဆောင်ရွက်မလဲ။

ဦးအောင်မျိုးမင်း။ ။ ကျနော်တို့ NUG မှာကတော့ ငွေကြေးနဲ့ပတ်သက်လို့သိသာထင်ရှားစွာရယ်၊ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝလုပ်ဆောင်ပါတယ်။ ဒါကြောင့် ကျနော်တို့မှာ စာရင်းဇယားတွေရှိတယ်ဆိုတာ သေချာတယ်။ တခု ချပြလို့မရတာကတော့ ကာကွယ်ရေးနဲ့ပတ်သက်လို့ လက်နက်သုံးစွဲမှုအပိုင်းမှာတော့ ဘယ်လောက်သုံးစွဲသလဲဆိုတာ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမယ့် ဘယ်လိုသုံးစွဲသလဲဆိုတာ စစ်ရေးအရ၊ လုံခြုံရေးအရ ပြောလို့မရသေးတာ ဒါကိုတော့ သတိပြုဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အခုငွေက ကျနော်တို့ အမှန်တကယ်ရရှိလာမယ်ဆိုရင် သူတို့ကိုယ်တိုင်ကလည်း ရော့ကြိုက်သလောက်သုံးဆိုပြီး ပေးမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်ကလည်း ဘယ်လိုမျိုး တာဝန်ခံမှုရှိသလဲ၊ ဒီလိုစနစ်မျိုးကို သေချာအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်သူက စောင့်ကြည့်မလဲဆိုတာ ကျနော်တို့ သိသိသာသာထင်ထင်ရှားရှား တာဝန်ယူရမှာဖြစ်သလို သိသင့်သိထိုက်တဲ့ဟာတွေကိုလည်း ကျနော်တို့ချပြမှာဖြစ်ပါတယ်။

NUG ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတွေနဲ့ တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်က ဗွီအိုအေကိုပြောပါတယ်။

XS
SM
MD
LG