စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ထောင်တွင်း တရားရုံးထုတ်မှုတွေမှာ အခက်အခဲမျိုးဆုံရင်နေရတယ်လို့ အခမဲ့ ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီက ဗွီအိုအေကိုပြောပါတယ်။ သူဟာ လက်ရှိ စစ်ကောင်စီ က ဖမ်းဆီးထားတဲ့ (၈)တန်းကျောင်းသားအရွယ်ကစပြီး အသက် (၇၃)နှစ် အရွယ်ထိ ပါဝင်တဲ့ အမှုပေါင်း ၁၀၀၀ကျော်ကို လက်ခံဆောင်ရွက်ပေးနေသူလည်းဖြစ်ပါတယ်။
လက်ရှိ အင်းစိန်ထောင်တွင်း တရားရုံးထုတ် စစ်ဆေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရှေ့နေဒေါ်ဇာလီကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ဆက်သွယ်မေးမြန်းထားပါတယ်။
=======================