သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း




-------------------------------
မြန်မာနိုင်ငံကိုယ်စားပြု ဆောင်ရွက်မယ့် CRPH ကုလသမဂ္ဂအထူးသံတမန် ဒေါက်တာဆာဆာ

မြန်မာစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတယ်ဆိုတဲ့ နိုင်ငံမျိုး မရှိသေးကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကုလသမဂ္ဂအထူးသံတမန် ဒေါက်တာဆာဆာ က ဗွီအိုအေကိုပြောပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံကိုယ်စားပြုဆောင်ရွက်ဖို့ ချင်းလူမျိုး မြန်မာနိုင်ငံသား ဒေါက်တာဆာဆာ ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေက တနင်္လာနေ့က တာဝန်အပ်နှင်းခဲ့တာပါ။
ချင်းပြည်နယ်ဖွံဖြိုးတိုးတက်ရေး ဆရာဝန်တဦးအနေနဲ့ ဦးဆောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒေါက်တာဆာဆာ ဟာ အခုဆိုရင် ပြည်ပ ကနေ CRPH ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မယ့်အခြေအနေကို မအင်ကြင်းနိုင်က သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG