ယူကရိန်းနိုင်ငံရဲ့ သမ္မတဖြစ်လာဖွယ်ရှိနေတဲ့ Petro Poroshenko က သူ့အနေနဲ့ အကြမ်းဖက် သမားတွေနဲ့ ဆွေးနွေးညှိနှိုင်းမှာ မဟုတ်ဘူးဆိုပြီး ပြောလိုက်ပါတယ်။ ဒါဟာဆိုရင် အရှေ့ဖက်ခြမ်းမှာ ရှိတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမား လက်နက်ကိုင်သူတွေကို ရည်ညွှန်းသုံးစွဲသွားတာပါ။
သူ့အနေနဲ့ သူ့အဆို ပြည်သူတွေနဲ့ပဲ ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားမယ်လို့ Poroshenko က ပြောပါတယ်။ သူ့အခေါ် လူသတ်သမားတွေနဲ့ ဆက်ဆံရမယ့်ကိစ္စမှာတော့ လက်နက်ကိုပဲ အသုံးပြုနိုင်မယ်လို့ ယတိပြတ်ပြောခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနဲ့လည်း ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်သွားလိုတယ်လို့ ပြောပါတယ်။ ဒီစကားရပ်ကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကို ကျေနပ်သွားစေပြီး ယူကရိန်းနဲ့ဆွေးနွေးနိုင်ဖို့ အခွင့်အလမ်းကို သူတို့ လက်လွတ်ခံမှာမဟုတ်ဘူးလို့ တုံ့ပြန်သွားပါတယ်။ ယူကရိန်းအရှေ့ခြမ်းက Donetsk ပြည်နယ် သူပုန်ခေါင်းဆောင်တဦးကတော့ သူ့အနေနဲ့ Poroshenko နဲ့ ဆွေးနွေး ညှိနှိုင်းသွားဖို့ အဆင်သင့်ပဲလို့ပြောပါတယ်။ ဒါပေမယ့် အကျဉ်းသားဖလှယ်ရေးနဲ့ အရှေ့ဖက်ခြမ်းမှာ ယူကရိန်းတပ်တွေ ထွက်သွားမှသာဖြစ်မယ်ဆိုပြီး ခြွင်းချက်ကို ပြောခဲ့ပါတယ်။
Donestsk လေဆိပ်ကိုတော့ လက်ရှိ ဘယ်သူက ထိန်းချုပ်ထားသလဲဆိုတာ သဲသဲကွဲကွဲ မရှိသေးပါဘူး။ တနင်္လာနေ့တုန်းကတော့ လေဆိပ်နေရာအချို့ကို ခွဲထွက်ရေးသမားတွေ သိမ်းပိုက်ခဲ့တာကြောင့် ယူကရိန်းအစိုးရ လေကြောင်းတိုက်ခိုက်မှုပါ လုပ်ခဲ့ရပါတယ်။
ယူကရိန်းနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာတော့ ချောကလတ်လုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီး Poroshenko က အပြတ်အသတ်အနိုင်ရကြောင်း ကနဦး မဲရလဒ်တွေမှာ ဖော်ပြနေပါတယ်။ တရားဝင်မဲရလဒ်တော့ မထွက်လာသေးပါဘူး။