သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ ထောင်တွင်းအတွေ့အကြုံများ


လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ ထောင်တွင်းအတွေ့အကြုံများ

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ရှိတဲ့အနက် အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့-မြန်မာနိုင်ငံ (AAPP-B) ရဲ့ စာရင်းအရ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၁၄၇ ဦးရှိတယ်လို့ သိရပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေအတွက် စိုးရိမ်ပူပန်ကြောင်းပြောခဲ့ပါတယ်။ အကျဉ်းထောင်အတွင်းမှာ အမျိုးသမီးတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတာတွေကို သိရအောင် မကြာသေးခင်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွတ်လာခဲ့တဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူဟောင်းတချို့ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။

XS
SM
MD
LG