သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်သား မရိုးသား


နိုင်ငံရေးမှာ ရိုးသားမှု ရှိကြဖို့ ထင်သာမြင်သာရှိကြဖို့ တိုက်တွန်းသံတွေ အကြာခဏ ကြားရလေ့ရှိပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအတွက် အချက်အချာကျတဲ့ ဒေသမှာတော့ သိပ်ကြီး မှန်မှန်ကန်ကန်ရှိဖို့ လိုလှပုံ မတွေ့ရပါဘူး။

“HONEST TEA” ရိုးသားခြင်းလ္ဘက်ရည် ဆိုတဲ့ အမေရိကန် အချိုရည် ကုမ္ပဏီက ရောင်းတဲ့သူမရှိဘဲ စက်ကပဲ ဝယ်ယူရတဲ့ စနစ်တခုကို District of Columbia အပါအဝင် အမေရိကန်ပြည်ထောင်စုက ပြည်နယ်တိုင်းမှာ ဒီဇူလိုင်လမှာ ထားပေးပြီး ဘယ်သူကမှ စောင့်မကြည့်နေသလို လုပ်ထားပေးခဲ့ပါတယ်။

လ္ဘက်ရည်တဗူးယူရင် တဒေါ်လာထည့်ပါဆိုပြီး ပိုက်ဆံထည့်ဖို့ ဗုံးတခုကိုလည်း ချပေးထားတာပါ။ အဲဒီမှာပဲ Washington မြို့တော်ကလူတွေ ရိုးသားမှု မရှိဆုံးဆိုတာ တွေ့ရတာပါ။ လူ ၅ ဦးမှာ လူ ၁ ဦးက ပိုက်ဆံမပေးတာ တွေ့ရပါတယ်။ Alabama နဲ့ Hawaii က လူတွေက အရိုးသားဆုံးဖြစ်ပြီး၊ ရာနှုန်းပြည့် အအေးဖိုးပေးတာ တွေ့ရပါတယ်။

လူအပြင်အဆင်ပေါ်မှာ အုပ်စုခွဲရမယ် ဆိုရင်တော့ ဆံပင်ရွှေရောင်ရှိသူတွေက အရိုးသားဆုံးဖြစ်ပြီး မျက်နှာမှာ အမွှေးအမျှင် တိုတို ရိတ်ထားသူတွေက မရိုးသားဆုံး ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အားလုံး ခြုံပြောရမယ်ဆိုရင် စမ်းသပ်တဲ့ထဲမှာ ၉၂ ရာခိုင်နှုန်းက မှန်မှန်ကန်ကန်နဲ့ ပိုက်ဆံပေးပြီး ရိုးသားခြင်း လ္ဘက်ရည်သောက်သုံးကြတာ တွေ့ရပါတယ်ရှင်။
XS
SM
MD
LG