ကိုဗစ် ၁၉ ကပ်ရောဂါဟာ တိရိစ္ဆာန်တွေအကြားကူးဆက်ရာကနေ မျိုးကွဲသစ် တွေထပ်မံပေါ်ပေါက်မယ့်အန္တရယ်ကိုစိုးရိမ်ရတဲ့အတွက် စောင့်ကြည့်လေ့ လာနေကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပါအဝင်ကုလသမဂ္ဂဌာ န ၃ ခုကတင်္လာနေ့မှာပူးတွဲထုတ်ပြန်ကြေငြာပါတယ်။
====================
တိရိစ္ဆာန်ကတဆင့် ကိုဗစ်ကူးစက်နိုင်ခြေ WHO စောင့်ကြည့်
ကိုဗစ် ၁၉ ကပ်ရောဂါဟာ တိရိစ္ဆာန်တွေအကြားကူးဆက်ရာကနေ မျိုးကွဲသစ် တွေထပ်မံပေါ်ပေါက်မယ့်အန္တရယ်ကိုစိုးရိမ်ရတဲ့အတွက် စောင့်ကြည့်လေ့ လာနေကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပါအဝင်ကုလသမဂ္ဂဌာ န ၃ ခုကတင်္လာနေ့မှာပူူးတွဲထုတ်ပြန်ကြေငြာပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါဟာ လူအချင်းချင်း အကြားကူးဆက်နိုင်ပြန်နှံခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ် ၁၉ ရောဂါကို ဖြစ်ပေါ်စေတဲ့ဗိုင်းရပ်ပိုးဟာ တိရိစ္ဆာန် တွေအကြားမှာလည်းကူးဆက်ပျံနှံတယ်ဆိုတာသိရှိထားပြီးဖြစ် ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့အတူ၊ FAO အစားအစာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့၊ WOAH ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ ၃ ဖွဲ့ပူး တွဲထုတ်ပြန်တဲ့ကြေ ငြာချက်မှာဖေါ်ပြထားပါတယ်။
အိမ်မွေးတိရိစ္ဆာန် ခွေးတွေကြောင်တွေအပါအဝင်၊ လွတ်လွတ်လပ်လပ်သွား လာနေတဲ့တိရိစ္ဆာန်တွေ၊ ဖမ်မိထားတဲ့ တောရိုင်းတိရိစ္ဆာန်တွေမွေးမြူရေးနဲ့ စိုက်ပျိုးရေးကတိရိစ္ဆာန်တွေ ဥပမာ ကျားတွေ၊ ကျားသစ်တွေ၊ ခြင်္သေတွေ၊ ဒါ့အပြင်အမွှေးရှည်ဖျံ၊ နှာခေါင်းဖြူဖျံ၊ မြောက်အမေရီးကားတိုက်က အမြီးဖြူ သမင်တွေ၊ လူဝင်တွေ၊ မြောက်ဝင်တွေ၊ စတဲ့တိရစ္ဆာန်တွေအပြင် အခြား တိရိစ္ဆာန်တွေမှာပါ ဒီရောဂါပိုးကူးဆက်တယ်ဆိုတာကို လေ့လာသိရှိထားပြီး ဖြစ်ပါတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးတွေရဲ့ကြေငြာချက်မှာ ဖေါ်ပြထားပါ တယ်။
ဒါကြောင့်မို့နိုင်ငံတိုင်းအနေနဲ့ လူနဲ့တောရိုင်းတိရိစ္ဆာန်တွေအကြားရောဂါပိုး ပျံနှံကူးဆက်မှုတွေမဖြစ်အောင်နဲ့နောက်ထပ်မျိုးကွက်သစ်တွေမပေါ်ပေါက်အောင်သတိထားကာကွယ်ဖို့ လိုအပ်တဲ့စည်းမျဉ်းသတ်မှတ်ချက်တွေပြဌာန်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂဌာနကြီး ၃ ခုကတိုက်တွန်းနှုန်းဆော်ထား ပါတယ်။