သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးလေယာဉ် ပျက်ကျတဲ့နေရာ နိုင်ငံတကာ ကျွမ်းကျင်သူ ဝင်ခွင့်ရ


နိုင်ငံတကာကျွမ်းကျင်သူများ အဖွဲ့ ပထမဆုံးအကြိမ် ဆိုက်ရောက်လာစဉ်။ (ဇူလိုင် ၃၁၊ ၂၀၁၄။
နိုင်ငံတကာကျွမ်းကျင်သူများ အဖွဲ့ ပထမဆုံးအကြိမ် ဆိုက်ရောက်လာစဉ်။ (ဇူလိုင် ၃၁၊ ၂၀၁၄။

ခွဲထွက်သူတွေ ထိန်းချုပ်ထားပြီး လုံခြုံရေး အရ စိုးရိမ်ရတဲ့ မလေးရှားလေယာဉ် ပျက်ကျခဲ့တဲ့ ယူကရိန်း အရှေ့ပိုင်းကို နိုင်ငံတကာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့ ဟာ ပထဦးဆုံးအကြိမ် အဖြစ်ရောက်သွားပြီ ဖြစ်ပါတယ်။ ဥရောပ လုံခြုံရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) ဟာ ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီလို ရောက်သွားတဲ့ အတွက် အရေးကြီး သက်သေ တွေကို စစ်ဆေးနိုင်ပြီး နယ်သာလန် နိုင်ငံကို မပို့သေးပဲ ကျန်နေခဲ့တဲ့ အလောင်းတွေ ဘယ်သူဘယ်ဝါသိနိုင်ဖို့ အတွက် ခွဲခြားမှု တွေလုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။


ပျက်ကျခဲ့တဲ့ မလေးရှားလေယာဉ် ရှိတဲ့ နေရာကို စုံစမ်းစစ်ဆေးသူတွေ သွားရောက်နိုင်ဖို့ အတွက် ယူကရိန်းအစိုးရ အနေနဲ့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်သူတွေကို တိုက်ခိုက်တာ တစ်ရက်တာ ရပ်ထားပေးမယ်လို့ ကြေညာခဲ့တာပါ။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပျက်ကျတဲ့ နေရာမှာ တိုက်ခိုက်မှု တွေ ရပ်တန့်ဖို့ တောင်းဆိုပြီးတဲ့ နောက်မှာ အခုလို တုန့်ပြန်လိုက်တာပါ လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

XS
SM
MD
LG