သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Istanbul လေဆိပ် ဗုံးကွဲမှု လူ ၃၁ ထက်မနည်းသေဆုံး


Istanbul မြို့က Ataturk လေဆိပ် တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကားနဲ့ သယ်ယူနေစဉ်။
Istanbul မြို့က Ataturk လေဆိပ် တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကားနဲ့ သယ်ယူနေစဉ်။

တူရကီနိုင်ငံ Istanbul မြို့မှာရှိတဲ့ Ataturk လေဆိပ်မှာ အသေခံ တိုက်ခိုက်ရေးသမား ၃ ဦးက အင်္ဂါနေ့နှောင်းပိုင်းက ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၁ ထက်မနဲ သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရသွားတယ်လို့ Istanbul အုပ်ချုပ်ရေးမှူး Vasip Sahin က ပြောပါတယ်။

ပေါက်ကွဲမှုတခုကတော့ နိုင်ငံတကာလေကြောင်းလိုင်း ဆိုက်ရောက်ဂိတ် အဝင်ဝနားမှာ ဖြစ်သွားခဲ့တာလို့ အစိုးရပိုင် ရုပ်သံ သတင်းတွေမှာ ဖော်ပြထားပါတယ်။ Kalashnikov မောင်းပြန်ရိုင်ဖယ်နဲ့ ပစ်ခတ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်ရေးသမားတဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လေဆိပ်အနီးက လမ်းပေါ်မှာ ပိုင်ရှင်မဲ့ အဲဒီ သေနတ်တလက်ရဲ့ပုံကို နောက်ပိုင်း ပြသတဲ့ ဗွီဒီယိုတွေထဲမှာ တွေ့မြင်ကြရပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူ ပြုလုပ်တယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုသူတော့ ရုတ်တရက် ထွက်မလာသေးပါဘူး။

တူရကီနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်လည်းဖြစ်၊ ကမ္ဘာမှာ ခရီးသွား အရေအတွက် အများဆုံး လေဆိပ်တွေထဲက တခုလည်းဖြစ်တဲ့ အဲဒီ လေဆိပ်အတွင်း လူတွေ ကြောက်လန့်တကြား ပြေးလွှားနေတဲ့ပုံတွေကို ရုပ်မြင်သံကြားမှာ ပြသနေပါတယ်။ ရဲတပ်ဖွဲ့က လေဆိပ်အတွင်း လိုက်လံ စစ်ဆေးပြီးတဲ့နောက် အစောပိုင်းက သေဆုံးသူ ၁၀ ယောက်သာ ရှိခဲ့တယ်လို့ ပြောဆိုနေရာက သေဆုံးသူ အရေအတွက်ဟာ တဖြည်းဖြည်းများလာခဲ့တာလည်း ဖြစ်ပါတယ်။

ပေါက်ကွဲမှု အသေးလေး ၂ ခုဖြစ်သွားပြီးတဲ့နောက် ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့တယ်လို့ မျက်မြင်သက်သေတဦးက ဗွီအိုအေ တူရကီဌာနကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG