သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း Zaporizhzhia န်ဴကလီးယားဓါတ္အားေပးစက္႐ုံအနီး ေပါက္ကြဲမႈေတြျဖစ္ေပၚ


A view shows the Zaporizhzhia Nuclear Power Plant outside Enerhodar

ယူကရိန္းႏိုင္ငံက Zaporizhzhia မွာရွိတဲ့ န်ဴကလီးယားဓါတ္အားေပးစက္႐ုံ အနီးဝန္းက်င္မွာ စေနေန႔ ေႏွာင္းပိုင္းနဲ႔ ဒီကေန႔ တနဂၤေႏြ အေစာပိုင္းမွာ ေပါက္ကြဲမႈ ျဖစ္ခဲ့တယ္လို႔ ကုလသမဂၢ ေျပာၾကားလိုက္တာေၾကာင့္ ဒီေဒသမွာ ကာလအတန္ၾကာ တည္ၿငိမ္း ေအးခ်မ္းမႈရွိေနတာေလး အဆုံးသတ္သြားခဲ့ပါတယ္။

န်ဴကလီးယားဓါတ္အားေပးစက္႐ုံရဲ႕ အေဆာက္အဦးတခ်ိဳ႕နဲ႔ စက္ပစၥည္းပိုင္းတခ်ိဳ႕ ပ်က္ဆီးတာေတြ ရွိခဲ့ေပမယ့္ န်ဴကလီးယားအႏၲရာယ္ စိုးရိမ္ရတဲ့အထိေတာ့ ဆိုး႐ြားမသြားဘူးလို႔ စက္႐ုံမွာ ရွိေနတဲ့ IAEA ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ေအဂ်င္စီ အဖြဲ႕က ေျပာပါတယ္။ လူအေသအေပ်ာက္ရွိတဲ့ သတင္းလည္း ထြက္မလာေသးဘူးလို႔ ဆိုပါတယ္။

အခုလို န်ဴကလီးယားဓါတ္အားေပးစက္႐ုံအနီးဝန္းက်င္မွာ ေပါက္ကြဲမႈေတြ ျဖစ္ေပၚခဲ့တာကိုၾကည့္ျခင္းအားျဖင့္ ဒီေနရာမွာ န်ဴကလီးယား ေဘးအႏၲရာယ္မျဖစ္ေစေရး စီမံခန႔္ခြဲမႈေတြ အျမန္ဆုံးလုပ္ေဆာင္ဖို႔ လိုအပ္ေနတယ္ဆိုတာကို ျပသလိုက္ျခင္းျဖစ္ေၾကာင္း IAEA ၫႊန္ၾကားေရးမႉးခ်ဳပ္ Rafael Mariano Grossi က ဒီကေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

တခ်ိန္ထဲမွာဘဲ ယူကရိန္းက ဒီ Zaporizhzhia န်ဴကလီးယားဓါတ္အားေပးစက္႐ုံကို ဒီကေန႔ ၂ ႀကိမ္ ဒုံးက်ည္နဲ႔ ပစ္ခတ္ခဲ့တာမွာ ဒုံးက်ည္တခုက ဓါတ္အားေပးစက္႐ုံရဲ႕ ေခါင္မိုးေပၚ က်သြားခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရ Igor Konashenkov က ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ လွ်ပ္စစ္မီးပို႔ေပးေနတဲ့ လွ်ပ္စစ္ဓါတ္အားစက္႐ုံအနီးကို အေျမာက္ဆံ ၂ ခု က်ခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== Unicode =====

ယူကရိန်းနိုင်ငံက Zaporizhzhia မှာရှိတဲ့ နျူကလီးယားဓါတ်အားပေးစက်ရုံ အနီးဝန်းကျင်မှာ စနေနေ့ နှောင်းပိုင်းနဲ့ ဒီကနေ့ တနင်္ဂနွေ အစောပိုင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောကြားလိုက်တာကြောင့် ဒီဒေသမှာ ကာလအတန်ကြာ တည်ငြိမ်း အေးချမ်းမှုရှိနေတာလေး အဆုံးသတ်သွားခဲ့ပါတယ်။

နျူကလီးယားဓါတ်အားပေးစက်ရုံရဲ့ အဆောက်အဦးတချို့နဲ့ စက်ပစ္စည်းပိုင်းတချို့ ပျက်ဆီးတာတွေ ရှိခဲ့ပေမယ့် နျူကလီးယားအန္တရာယ် စိုးရိမ်ရတဲ့အထိတော့ ဆိုးရွားမသွားဘူးလို့ စက်ရုံမှာ ရှိနေတဲ့ IAEA နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အဖွဲ့က ပြောပါတယ်။ လူအသေအပျောက်ရှိတဲ့ သတင်းလည်း ထွက်မလာသေးဘူးလို့ ဆိုပါတယ်။

အခုလို နျူကလီးယားဓါတ်အားပေးစက်ရုံအနီးဝန်းကျင်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာကိုကြည့်ခြင်းအားဖြင့် ဒီနေရာမှာ နျူကလီးယား ဘေးအန္တရာယ်မဖြစ်စေရေး စီမံခန့်ခွဲမှုတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း IAEA ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

တချိန်ထဲမှာဘဲ ယူကရိန်းက ဒီ Zaporizhzhia နျူကလီးယားဓါတ်အားပေးစက်ရုံကို ဒီကနေ့ ၂ ကြိမ် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာမှာ ဒုံးကျည်တခုက ဓါတ်အားပေးစက်ရုံရဲ့ ခေါင်မိုးပေါ် ကျသွားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Igor Konashenkov က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးပို့ပေးနေတဲ့ လျှပ်စစ်ဓါတ်အားစက်ရုံအနီးကို အမြောက်ဆံ ၂ ခု ကျခဲ့တယ်လို့လည်း သူက ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG