သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရေကြီးမှု အရေးပေါ် ကယ်ဆယ်ရေး များ ဆောင် ရွက်နေ


ဂျပန်နိုင်ငံ Joso မြို့က ရေဘေး ဒုက္ခသည်တွေ ကို ဘေးလွတ်ရာ ကယ်တင်နေစဉ်။ (စက်တင်ဘာ ၁၀၊ ၂၀၁၅)
ဂျပန်နိုင်ငံ Joso မြို့က ရေဘေး ဒုက္ခသည်တွေ ကို ဘေးလွတ်ရာ ကယ်တင်နေစဉ်။ (စက်တင်ဘာ ၁၀၊ ၂၀၁၅)

ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ပြင်းထန်တဲ့ မိုးရွာသွန်းမှုကြောင့် ဒီကနေ့ ကြာသပတေးနေ့မှာ ဂျပန်အာဏာပိုင်တွေက လူထောင်နဲ့ ချီပြီး ဘေးလွတ် ရာပြောင်းရွှေ့စေခဲ့ပါတယ်။ အချိန်မှီ မပြေးနိုင်ပဲ ပိတ်မိနေသူတွေ ကိုလည်း အပူတပြင်း ကယ်ဆယ်ပေးနေပါတယ်။ အဆိုးဆုံး ခံရတဲ့နေရာကတော့ တိုကျိမြို့တော် အရှေ့မြောက်ဘက် ကီလီုတာ ၅၀ လောက်အကွာက Joso မြို့ ဖြစ်ပါတယ်။

အဲဒီမှာ Kinugawa မြစ်ရေလျှံတဲ့အတွက် ဝန်းကျင်ဒေသတွေကိုပါ ရေလွှမ်းခဲ့တာပါ။
ရေတွေနဲ့အတူ အိမ်တွေပါ မျှောပါသွားပြီး ကျန်နေတဲ့ အဆောက်အအုံတွေထဲမှာ ပိတ်မိနေတဲ့ လူတွေက ဝရံတာတွေ၊ ခေါင်မိုးတွေပေါ်တက်ပြီး အကူအညီတောင်း ခံနေကြပါတယ်။

စစ်တပ် ရဟတ်ယာဉ်တွေနဲ့ လူအတော်များများကို ဆွဲတင် ကယ်ဆယ်နေသလို တခြား ကယ်ဆယ် ကူညီ နေတာတွေကို တီဗွီ ကင်မရာတွေမှာ တွေ့နေရ ပါတယ်။ သေဆုံး ပျောက်ဆုံးသူ စာရင်း တိတိကျကျ မသိရသေးပေမယ့် ခုထိတော့ ၂ ဦးတော့ ပျောက်ဆုံးနေတာ သိရတယ်လို့ တိုကျိုကို ရောက်နေတဲ့ VOA သတင်းထောက်က ပြောပါတယ်။

Etua တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် ဒီသီတင်းပတ်ထဲမှာ မိုးအဆက်မပြတ် ရွာသွန်းနေသလို တချို့နေရာတွေမှာတော့ မိုးရေချိန်က၅၀ စင်တီမီတာအထိ ရွာသွန်းခဲ့တာပါ။

ဂျပန် မိုးလေဝသဌာနက အရေးပေါ်ကြေညာချက်တွေ ထုတ်ပြန် ထားပြီး နောက်ထပ် ရေ လွှမ်းမိုးမှုတွေနဲ့ မြေပြိုမှုတွေရှိနိုင်တာမို့ ကြိုတင် ပြင်ဆင်ထား ဖို့လည်း သတိပေးထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးကတော့ မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဒေသတွေ အတွက် ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ပြီး ဒေသခံတွေ အန္တရာယ်ကင်းရေး အထူး လုပ်ဆောင်သွားမယ်လို့ ကတိပေးပြောကြားသွားပါတယ်။

XS
SM
MD
LG