သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဒဏ်ကြောင့် ကလေးငယ် သန်း ၂၄၀ ကျော် ပညာရေးထိခိုက်


ဟာရီကိန်း Eta ကြောင့် ရေလွှမ်းသွားတဲ့ ဂွာတီမာလာမြို့တနေရာမှာ ကလေးငယ်များ ရေထဲဖြတ်သွားနေကြစဉ် (Photo by Johan ORDONEZ / AFP)
ဟာရီကိန်း Eta ကြောင့် ရေလွှမ်းသွားတဲ့ ဂွာတီမာလာမြို့တနေရာမှာ ကလေးငယ်များ ရေထဲဖြတ်သွားနေကြစဉ် (Photo by Johan ORDONEZ / AFP)

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဆိုက်လုံးမုန်တိုင်းဒဏ်၊ ရေကြီးတဲ့ဒဏ်နဲ့ ပူလှိုင်းဒဏ်စတဲ့ ပြင်းထန်လှတဲ့ ရာသီဥတုဒဏ်တွေကြောင့် နိုင်ငံပေါင်း ၈၅ နိုင်ငံက ကလေးငယ်ပေါင်း ၂၄၂ သန်းရဲ့ ပညာရေးဟာ အခက်အခဲ အဟန့်အတားတွေ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က သောကြာနေ့တုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တမ္ဘာလုံးမှာရှိတဲ့ စာသင်ကျောင်းတွေထဲက စာသင်ကျောင်း ၇ ကျောင်းမှာ ၁ ကျောင်းဟာ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကြောင့် ကျောင်းမဖွင့်နိုင်ခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

အခုလို ဆိုးရွားတဲ့ ရာသီဥတုဒဏ်ခံရတဲ့ ကလေးတွေရဲ့ ၇၄ ရာနှုန်းဟာ အလယ်အလတ်နဲ့ ဝင်ငွေနည်းနိုင်ငံတွေက ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ရာသီဥတု ပြောင်းလဲလာမှုနဲ့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို အဆင်းရဲဆုံးနိုင်ငံတွေ အဓိက ခံစားနေရတာကို ဖေါ်ပြနေပါတယ်။

ဥရောပတိုက်တောင်ပိုင်း၊ အာရှတလွှားနဲ့ အာဖရိကမှာ ဆိုက်ကလုံးမုန်တိုင်းနဲ့ ရေကြီးရေလျံမှုတွေ ခံရပါတယ်။ ဒါ့အပြင် ဧပြီလတလထဲမှာတင် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်တဲ့ အပူဒဏ်ကို ရက်သတ္တပတ်ပေါင်းများစွာ ခံစားခဲရတဲ့အတွက် အရှေ့အလယ်ပိုင်း ဂါဇာကနေ အာရှတိုက်က ဖိလစ်ပိုင်အထိ ကလေး ၁၁၈ သန်းကျော်လောက်ဟာ ကျောင်းတွေ ပျက်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မိုးရာသီအတွင်း ရေကြီးရေလျံမှုတွေကြောင့် စာသင်ကျောင်း အများအပြား ပျက်စီးခဲ့ရသလို ကျောင်းတွေလည်းပိတ်ထားခဲ့ရပါတယ်။ ဧပြီလ တလထဲမှာတင် ပါကစ္စတန်မှာ ရေကြီးမှုကြောင့် စာသင်ကျောင်း ၄၀၀ ကျော် ပျက်စီးခဲ့ပြီး၊ အာဖဂန်နစ္စတန်မှာတော့ မေလအတွင်း ကျောင်း၁၁၀ ကျော် ပျက်စီးခဲ့တယ်လို့ UNICEF အစီရင်ခံစာက ဖေါ်ပြထားပါတယ်။

Forum

XS
SM
MD
LG