သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

F4 မင်းသားငယ်၊ ကေပေါ့အဆိုတော် မွန်ဘင်း ရုတ်တရက် ကွယ်လွန်


တောင်ကိုရီးယားနိုင်ငံက ကေပေါ့ အမျိုးသားဂီတအဖွဲ့ Astro အက်စ်ထရို အဖွဲ့ဝင် မွန်ဘင်း (ဒီဇင်ဘာ ၂၊ ၂၀၂၁)
တောင်ကိုရီးယားနိုင်ငံက ကေပေါ့ အမျိုးသားဂီတအဖွဲ့ Astro အက်စ်ထရို အဖွဲ့ဝင် မွန်ဘင်း (ဒီဇင်ဘာ ၂၊ ၂၀၂၁)

တောင်ကိုရီးယားနိုင်ငံက ကေပေါ့ အမျိုးသားဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Astro အက်စ်ထရို အဖွဲ့ထဲက မွန်ဘင်း အသက် ၂၅ နှစ်နဲ့ ကွယ်လွန်သွားပါတယ်။ မွန်ဘင်းက ဧပြီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့ကပဲ ဆုံးသွားပြီလို့ သူ့အဖွဲ့ကို ကိုယ်စားပြုတဲ့ Fantagio က ကြေညာသွားတာပါ။ မွန်ဘင်းဟာ ငယ်ငယ်ကတည်းကသရုပ်ဆောင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှတလွှားနဲ့ နိုင်ငံတကာမှာပါ လူကြိုက်များတဲ့ Boys Over Flowers (၂၀၀၉) ရုပ်သံဇာတ်လမ်းတွဲထဲက F4 မင်းသားတဦး ငယ်ဘဝကို သရုပ်ဆောင်သူဖြစ်ပါတယ်။ သူက၂၀၁၆ ခုနှစ်ကစလို့ အက်စ်ထရို (Astro) အဖွဲ့နဲ့ ဂီတလောကထဲ ဝင်လာတာပါ။

တောင်ကိုရီးယားနိုင်ငံက ကေပေါ့ အမျိုးသားဂီတအဖွဲ့ Astro အက်စ်ထရို အဖွဲ့
တောင်ကိုရီးယားနိုင်ငံက ကေပေါ့ အမျိုးသားဂီတအဖွဲ့ Astro အက်စ်ထရို အဖွဲ့

ဂန်နမ်ရပ်ကွက်က နေအိမ်မှာ သူသေဆုံးနေတာကို မန်နေဂျာဖြစ်သူက ည ၈ နာရီ ကျော်လောက်မှာတွေ့ရှိခဲ့တယ်လို့ ဂန်နမ်ရဲစခန်းက ဆိုပါတယ်။ ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်လို့ ယူဆရကြောင်း ရဲက ပြောထားတာပါ။ဆရာဝန်စစ်ဆေးမှုနဲ့ အတည်ပြုချက် မထွက်သေးပါဘူး။

မွန်ဘင်းရုတ်တရက် ဆုံးပါးသွားရတဲ့အတွက် ကမ္ဘာတဝန်းက ပရိသတ်တွေ အထူးဝမ်းနည်းကြောင်း ပြောကြပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ #moonbin နဲ့ သူနဲ့ပတ်သက်လို့ရေးသားမှုပေါင်း ၂ သန်းခွဲကျော်ရှိပါတယ်။ တရုတ်နိုင်ငံမှာဆို ဝေဘိုလူမှုကွန်ယက်မှာ သူ့အကြောင်းက လူအဖတ်ဆုံး သတင်းဖြစ်နေပါတယ်။ တောင်အမေရိကတိုက် ချီလီနိုင်ငံမှာတော့ ပရိသတ်တွေက သူ့အတွက် အမှတ်တရ အက်စ်ထရိုအဖွဲ့အရောင် အဖြူနဲ့အပြာ ဘောလုံးတွေနဲ့ တန်ဆာဆင်ထား ပါတယ်။

တောင်ကိုရီးယားနိုင်ငံက ကေပေါ့ အမျိုးသားဂီတအဖွဲ့ Astro အက်စ်ထရို အဖွဲ့ဝင် မွန်ဘင်း
တောင်ကိုရီးယားနိုင်ငံက ကေပေါ့ အမျိုးသားဂီတအဖွဲ့ Astro အက်စ်ထရို အဖွဲ့ဝင် မွန်ဘင်း

တောင်ကိုရီးယားနိုင်ငံဟာ ချမ်းသာတဲ့ OECD စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုအဖွဲ့ နိုင်ငံတွေထဲမှာ လူငယ်တွေကြား ကိုယ့်ကိုကိုယ်သတ်သေနှုန်း အများဆုံးနိုင်ငံဖြစ်ပါတယ်။ ကေပေါ့ဂီတလောကမှာလည်း အနုပညာရှင်တွေအနေနဲ့ အဘက်ဘက်က စိတ်ဖိစီးမှုအထူးကြီးပြီး စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေတဲ့ ဖြစ်ရပ်တွေ မကြာခဏကြားရပါတယ်။

XS
SM
MD
LG