မြန်မာစံတော်ချိန် စနေညဘက်က ကစားတဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ FA Cup ဗိုလ်လုပွဲမှာ ချယ်လ်ဆီး အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ပထမပိုင်း ၂၂ မိနစ်မှာ ချယ်လ်ဆီးရတဲ့ ပန်နယ်လ်တီဂိုးကို Hazard က သွင်းယူပြီး တလုံးတည်းသော အနိုင်ဂိုးကို ရသွားတာပါ။
ဒုတိယပိုင်း အချိန်အများစုမှာ မန်ယူက ဖိကစားပေမဲ့လည်း ရတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ဘဲ အရေးနိမ့်သွားတာပါ။
ဒီဖလားဟာ ချယ်လ်ဆီးအသင်းအဖို့ ဒီနှစ်ဘောလုံးရာသီအတွက် တလုံးတည်းသော ချန်ပီယံဖလားဖြစ်ပြီး မန်ယူအသင်းအတွက်တော့ ဖလားလက်မဲ့ ဘောလုံးရာသီဖြစ်သွား ပါပြီ။
ချယ်လ်ဆီးအသင်းဟာ FA Cup ပြိုင်ပွဲမှာ ဒီနှစ်နဲ့ဆိုရင် ဗိုလ်လုပွဲ ၁၃ ကြိမ်တက်ပြီး ဒီတကြိမ်နဲ့ဆို ၈ ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။
ဒီနှစ်မတိုင်ခင် ချယ်လ်ဆီးအသင်း နောက်ဆုံးဗိုလ်စွဲတာက ၂၀၁၂ ခုနှစ်မှာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ဗိုလ်လုပွဲတက်ပေမဲ့ အာဆင်နယ်ကို ရှုံးပြီး ဖလားနဲ့ လွဲရပါတယ်။
မန်ယူအသင်းကတော့ FA Cup ဗိုလ်လုပွဲ အကြိမ် ၂၀ တက်ဖူးပြီး ၁၂ ကြိမ်ဗိုလ်စွဲထား ပါတယ်။ FA Cup မှာ အာဆင်နယ်အသင်းက ၁၃ ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပါတယ်။