သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာယူနိုက်တက် နဲ့ မန်ချက်စတာစီးတီးအသင်း FA ဖလား လု


FBL-ENG-PR-LEEDS-MAN CITY
FBL-ENG-PR-LEEDS-MAN CITY

အင်္ဂလန်မှာတော့ FA ဖလား ဘောလုံးဖိုင်နယ်ကို လန်ဒန်မြို့က ဝင်ဘလေ (Wembley) ကစားကြမှာဖြစ်ပြီး၊ မန်ချက်စတာယူနိုက်တက် နဲ့ မန်ချက်စတာစီးတီးအသင်းတို့ ဗိုလ်လုနေကြပါတယ်။ သူတို့ ၂ သင်း အရင်က FA ဖလားဖိုင်နယ်မှာ တခါမှ မတွေ့ဖူးတာကြောင့် ဒါက FA ဖလားသမိုင်း တလျှောက်မှာ မန်ချက်စတာ ၂ သင်း ပထမဆုံးအကြိမ် တွေ့ကြတာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ထူးခြားတာတခုကတော့ မန်စီးတီးက ပရီမီယာလိဂ်ဖလားကို ရထားချိန်မှာပဲ၊ မန်ယူကလည်း လိဂ်ဖလားလို့ခေါ်တဲ့ Carabao ဖလားကို ရထားတဲ့အတွက် ၂ သင်းစလုံးဟာ ပြည်တွင်းဖလား ၁ ခုစီကို ရထားပြီးဖြစ်တဲ့အတွက် နိုင်တဲ့အသင်းက ပြည်တွင်းမှာ ဖလား ၂ လုံးရသွားမှာ ဖြစ်ပါတယ်။ ဒီ ၂ သင်း အခုနှစ် ပရီမီယာလိဂ်မှာ ၂ ကြိမ် တွေ့ခဲ့တုန်းကတော့ ကိုယ့်ရဲ့ အိမ်ကွင်းမှာ ၁ ပွဲ စီ နိုင်ထားတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ကစားရမှာဖြစ်ပြီး၊ တကယ်လို့သာ ဒီပွဲမှာရော အဲဒီပွဲမှာနိုင်ပြီး ၁၉၉၉ ခုနှစ်တုန်းက မန်ယူအသင်း ဖလား ၃ လုံးရတာနဲ့ တူသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းကလည်း ဒါကို ဟန့်တားနိုင်ဖို့အတွက် အစွမ်းကုန် ကစားသွားဖို့ ပြင်ဆင်နေပါတယ်။

မန်စီးတီးအသင်းဘက်ကတော့ ဂိုးသမား အီဒါဆင် မပါနိုင်ဘဲ၊ အရန်ဂိုးသမား အော်တေးဂါး ဝင်ကစားမှာဖြစ်ပြီး၊ မန်ယူအသင်းကတော့ ညာတောင်ပံက ကစားတဲ့ Antony ဒဏ်ရာကြောင့် မကစားနိုင်ဘဲ သူ့နေရာမှာအသင်းခေါင်းဆောင် Fernandez ကစားမှာဖြစ်ပြီး၊ ကွင်းလယ်ခံစစ်မှာတော့ Casemiro နဲ့အတူ တွဲကစားဖို့ Fred ကို ထည့်သုံးထားပါတယ်။

XS
SM
MD
LG