သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖေ့ဘုတ်ဖောက်ခံရသူ ၂၉ သန်းကြား ပါမပါ ဘယ်လိုစစ်


.
.

ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွေကို အွန်လိုင်းထိုးဖောက်သူတွေက တိုက်ခိုက်ခဲ့တယ်ဆိုပြီး လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်က ကြေညာခဲ့တာမှာ ဖေ့ဘုတ်သုံးစွဲသူပေါင်း ၂၉ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေပါသွားခဲ့တယ်လို့ ကို ဖေ့စ်ဘုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဖေ့ဘုတ်သုံးစွဲသူ သန်း ၅၀ ရဲ့ အချက်အလက်တွေ ခိုးယူခံခဲ့ရတယ်ဆိုပြီး အစောပိုင်းက ခန့်မှန်းထားခဲ့ကြတာပါ။ ဖေ့ဘုတ်သုံးစွဲသူတွေရဲ့ နာမည်၊ အီးမေးလ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်တွေကို ယူသွားခဲ့တယ်လို့ ဖေ့ဘုတ်ကပြောပါတယ်။ ဒီလိုခိုးယူခံရသူတွေထဲက ၁၄ သန်းရဲ့ မွေးရပ်ဇာတိ၊ မွေးနေ့မွေးရက်တွေ၊ ပညာရေး၊အလုပ်အကိုင်၊ ကိုးကွယ်တဲ့ဘာသာတွေသာမက သူတို့သွားရောက်ခဲ့တဲ့ နေရာပေါင်း ၁၀ ခုထက်မနည်းရဲ့ အချက်အလက်တွေကိုလည်း ရယူသွားခဲ့တယ်လို့ပြောပါတယ်။

ဒါပေမယ့်လည်း ကိုယ့်ရဲ့ဖေ့ဘုတ်စာမျက်နှာကိုဖွင့်ရင် အသုံးပြုရတဲ့ ကွန်ပျူတာ password လျှို့ဝှက်စကားလုံးတွေနဲ့ ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်တွေတော့ အဲဒီအွန်လိုင်းထိုးဖောက်သူတွေရမသွားပါဘူး။ နောက်ထပ် ဖောက်ခံရတဲ့ ဖေ့စ်ဘုတ်သုံးတဲ့သူ ၁ သန်းကျော်ဆီကလည်း ဘယ်လို အချက်အလက်မျိုးမှ ပါမသွားဘူးလို့ ကုမ္ပဏီက ပြောပါတယ်။ အွန်လိုင်းကနေ ခိုးဝင်ခံရတဲ့ စာမျက်နှာတွေက ကမ္ဘာ့ဘယ်အရပ်ကလဲဆိုတာမပြောပဲ အတော်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားခဲ့တယ်၊ ဒီလို ဖောက်ခံရတဲ့ ဖေ့ဘုတ်စာမျက်နှာပိုင်ရှင်တွေကို အကြာင်းကြားမယ်လို့ ပြောပါတယ်။ အခြားလူမှုကွန်ယက်တွေဖြစ်တဲ့ WhatsApp နဲ့ Instagram တို့တော့ ဒီလိူ တိုက်ခိုက်မခံရဘူးလို့ ဆိုပါတယ်။ အခုအွန်လိုင်းတိုက်ခိုက်မှုကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က စုံစမ်း နေပြီလို့လည်း ဖေ့ဘုတ် ဒုဥက္ကဌ Guy Rosen က သတင်းထောက်တွေကိုပြောပါတယ်။

မြန်မာပြည်က ဖေ့ဘုတ်သုံးတဲ့ သူတွေအနေနဲ့ ဒီတခေါက် တိုက်ခိုက်မှုမှာ ကိုယ့်စာမျက်နှာ ပါမပါ သိချင်တယ်ဆိုရင် စစ်ကြည့်ချင်ရင်တော့ https://www.facebook.com/help/securitynotice?ref=sec ကို ဝင်ပြီး “Is my Facebook account impacted by this security issue?” လုံခြုံရေး ကျိုးဖောက်ခံရတဲ့ထဲမှာ ကျနော်/ကျမရဲ့ အကောင့်ပါသလား” ဆိုတဲ့ အပိုင်းကိုသွားပြီးကြည့်လိုက်ရင် Yes, No ဆိုတဲ့ အဖြေကိုတွေ့နိုင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG