သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ပေါ်က ဆက်သွယ်မှုတွေ ထောက်လှမ်းခွင့်ရရေး နိုင်ငံကြီးတချို့တောင်းဆို


Facebook ကုမ္ပဏီက Message ပို့နိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ Facebook Messenger နဲ့ Instagram တို့မှာတယောက်နဲ့ တယောက်ပို့ကြတဲ့ Message တွေကို ကြားဖေါက်ခိုးယူလို့မရနိုင်အောင် encryption လုပ်ဖို့ စီစဉ်နေချိန်မှာ တချို့ Message တွေကို ကြားဝင်ထောက်လှမ်းနိုင်ခွင့်ပေးဖို့ အမေရိကန်၊ ဗြိတိန်နဲ့ Australia အစိုးရက Facebook ကုမ္ပဏီကို တောင်းဆိုလိုက်ပါတယ်။

တရားဥပဒေစိုးမိုးရေးဆောင်ရွက်သူတွေဖက်က လိုအပ်လို့တောင်းဆိုတဲ့ Message တွေကို ဖတ်လို့ရနိုင်မယ့်ပုံစံနဲ့လုပ်ပေးဖို့ အမေရိကန်အစိုးရရှေ့နေချုပ် William Barr၊ ၊ ဗြိတိန်ပြည်ထဲရေးဝန်ကြီး Priti Patel နဲ့ Australia ပြည်ထဲရေးဝန်ကြီး Peter Dutton တို့က Facebook ကုမ္ပဏီအကြီးအကဲ Mark Zuckerberg ကိုအိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

အကြမ်းဖက်ဝါဒ အခြေခံတဲ့လုပ်ရပ်တွေ၊ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့လုပ်ရပ်တွေလို တရားမဝင်လုပ်ရပ်တွေကို Facebook ဝန်ဆောင်မှုတွေ သုံးပြီးလုပ်နေကြသူတွေကို ဖော်ထုတ်ဖို့ ခက်ခဲသွားနိုင်တယ်လို့ဆိုပြီး အစိုးရတာဝန်ရှိသူတွေက ထောက်ပြနေကြတာပါ။

Facebook Messenger နဲ့ Instagram တို့ပေါ်က ပေးပို့တဲ့ Message တွေကို ကြားဝင်ဘယ်လိုမှ ဖတ်လို့မရနိုင်အောင် end-to-end encryption နည်းပညာနဲ့ ပြောင်းလဲဖို့ Facebook ကပြင်ဆင်နေပါတယ်။ Message ကိုကြားဝင်ခိုးကြည့်သူတွေအနေနဲ့ မြင်ရတဲ့ စာလုံးတွေကို ဘယ်လိုမှအဓိပ္ပါယ်ဖွင့်လို့ မရအောင် လုပ်လိုက်မှာဖြစ်ပါတယ်။ Facebook ပိုင် WhatsApp မှာတော့ ဒီနည်းကို သုံးနေတာကြာပါပြီ။ လူတွေတယောက်နဲ့ တယောက်ကြား Online ပေါ်မှာပို့တဲ့ Message တွေအနေနဲ့ တခြားသူမသိအောင် ကာကွယ်ခွင့်ရှိရမယ်လို့ Zuckerberg ကကြာသပတေးနေ့က ပြောကြားပြီး သူတို့အစီအစဉ်ကို ကာကွယ်တုံ့ပြန်ခဲ့ပါတယ်။

Message တွေ ကြားဖောက်ထောက်လှမ်းနိုင်အောင် အမေရိကန်၊ ဗြိတိန်နဲ့ Australia ကတောင်းဆိုနေတဲ့အတွက် အများပြည်သူလုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက်လုံခြုံရေးကြား ဘယ်လိုချိန်ခွင်လျှာညှိမလည်းဆိုတာ ဆွေးနွေး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

..................

{Unicode}







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG